မနက်ရောက်တော့ မျက်လုံး မပွင့်သေးပေမယ့် နွေးထွေးတဲ့ ခံစားချက်ကြောင့် Yibo အိပ်ရာ မထချင်သေးပေ။ ခေါင်းကို ဟိုဒီယမ်းမိတော့ ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့ကြောင့် အလန့်တကြား မျက်လုံးတွေ ကို ဖွင့်ကြည့်တော့ သူ့ကို ပြုံးကြည့်နေတဲ့ Xiaozhan ကို တွေ့လိုက်ရသည်။ ဒီတော့မှ တိုးဝင်နေမိတာ Xiaozhan ရင်ခွင်မှန်းသတိထားမိပြီး အလန့်တကြား ရုန်းထွက်တော့ ခါးဆီက Xiaozhanရဲ့လက် က တင်းကျပ်စွာ ပွေ့ဖက်လာပြီး နဖူးပြင် က နွေးခနဲ ဖြစ်သွားသည်။
"ထတော့ Wang ငယ်လေး.."
Yiboက ရှက်ရှက်နဲ့ Xiaozhan ကို တွန်းထုတ်ကာ
"သေမလို့ သေအောင်ဖက်ထားရလား"
"ကိုယ် မဖက်ပါဘူး Wang ငယ်က ကိုယ့်ရင်ခွင်ထဲ တိုးဝင်လာတာ"
"ခင်ဗျား..."
"ရှက်မနေပါနဲ့.. ဘယ်လိုလဲ ကိုယ့် ရင်ခွင်က နွေးတယ်မလား..နောက်လဲ အမြဲ ကိုယ် ဒီလို ဖက်ထားပေးမယ်"
"အရူး.."
Yibo က ခေါင်းအုံး နဲ့ Xiaozhan ကို ပစ်ပေါက်ပြီး ရေချိုးခန်း ထဲကို ပြေးဝင် ခဲ့သည်။ ရေချိုးခန်း တံခါးကို ပိတ်ပြီး နဖူးပြင်ကို စမ်းကာ မျက်လုံး လေးတွေ မှေးသွားတဲ့အထိ Yiboက ကြည်နူးစွာ ပြုံးမိသည်။
လူဂွစာ Xiaozhan က ဒီလို အီစီကလီ စကားတွေလဲ ပြောတက်တာပဲ။......
လော့ရန်ကနေ အစောဆုံးလေယာဉ်နဲ့ Beijingကို နှစ်ယောက်သား ပြန်ခဲ့ကြသည်။ အိမ်ထဲ ဝင်တာနဲ့ Lin Chi က ပြေးထွက်လာသည်။"ပါးပါး..ဟင်..ဒယ်ဒီ "
Lin Chi ရဲ့ ဒယ်ဒီ ဆိုတဲ့အသံကြားမှ Yiboက Xiaozhan အိမ်ထဲထိ အနောက်က ပါလာမှန်းသတိထားမိသွားသည်။
"ခင်ဗျားက ဘာလိုက်လုပ်တာလဲ"
"Lin Chi ကို လာတွေ့တာလေ"
Lin Chi က သူနဲ့ Xiaozhan ကို ကြည့်ကာ
"ဒယ်ဒီ နဲ့ ပါးပါးက ခရီးအတူသွားကြတာလား"
"အင်း..Lin Chiပါးပါးကို ဒယ်ဒီက ခိုးပြေးသွားတာ"
"Xiaozhan! !!ကလေးရှေ့မှာ ဘာတွေ လျှောက်ပြောနေတာလဲ"
Xiaozhan က အော်ဟစ်နေသည့် Yiboကို မျက်လုံး တစ်ဖက် မှိတ်ပြကာ Lin Chiကို ကောက်ချီကာ