Part - 13

7.9K 882 35
                                    

Yibo ဆူညံ့နေသည့် အသံများကြောင့် ဘာရယ်မဟုတ်  ကြည့်လိုက်မိတော့...

Xiaozhan ပါလား...။

"ဆေး..ဆေးရုံ ကား ခေါ်ပေးပါဦး...ဒီမှာ ကလေး သတိလစ်သွားလို့"

စိုးရိမ်တကြီး အော်ဟစ်နေတဲ့ Xiaozhan ကြောင့် ဘာဖြစ် နေတာလဲ ဟု တွေးပြီး အနားသွားလိုက်တော့ Xiaozhan လက်ထဲမှာ မေ့လဲနေသည့် Lin Chi ကို မြင်တော့ သူ မျက်လုံး တွေ ပြာသွားသည်။

"Lin Chi...သမီး"

Xiaozhan ကို တွန်းထုတ်ကာ Lin Chi ကို ပွေ့ချီပြီး..

"ဆေးရုံကား မြန်မြန်ခေါ်ပေးပါ..သမီး...Lin Chi"

......
Operation ခန်းရှေ့မှာ ဟိုဘက်ဒီဘက် လမ်းလျှောက်နေသည့် Yibo နားကို Xiaozhan သွားကာ..

"Yibo...ဟို...ကိုယ်"

"ခွပ်"

အားပြင်းသည့် လက်သီးတစ်ချက် က မျက်နှာပေါ်ကို ကျလာသည်။

"ခင်ဗျား ဘာလုပ်လိုက်တာလဲ... ကျွန်တော့် သမီးတစ်ခုခု ဖြစ်သွားရင် ခင်ဗျားကို သတ်မယ်"

"ကိုယ်တောင်းပန် ပါတယ်"

"တောင်းပန်ရုံနဲ့ ပြီးသွားမလား..ကလေးက အခု Operation ခန်းထဲရောက်နေပြီ..နေပါဦး..ဘာလို့ ခင်ဗျားက ကျွန်တော့် သမီးကို မူကြိုကနေ အတင်းခေါ်ထုတ်ပြီး တွေ့ရတာလဲ"

ဒေါသတကြီး အော်ဟစ် နေသည့် Yibo ကြောင့် Yibo ဘေးက မိန်းကလေး က Yiboကို တွဲကာ..

"Yibo. .စိတ်လျှော့.. အော်ဟစ်မနေနဲ့..ဆေးရုံကြီးမှာလေ"

Yiboက ထိုအခါမှ သူ့ကို ကြည့်ကာ တောက်တစ်ချက် ခေါက်ပြီး ငြိမ်သွားသည်။

"Wang Lin Chi ရဲ့ အုပ်ထိန်းသူ ရှိပါသလား"

Operation အခန်းတံခါးပွင့်လာပြီး Nurse ကမေးတော့..

"ရှိပါတယ်..ကျွန်တော် ပါ"

"ကလေးအဖေလားရှင့်"

"ဟုတ်ပါတယ်"

"ဒါဆို ကလေး ကို သွေးလှူပေးဖို့ အဆင်ပြေ မလားမသိဘူး..ကလေးက သွေးလိုနေလို့ပါ "

Yibo မျက်နှာ ပျက်သွားကာ

"ကျွန်တော် နဲ့ သမီးက သွေးအမျိုးစားချင်းမတူ ပါဘူး"

Where is my Daddy?? (Completed)Where stories live. Discover now