Part-6

8K 817 41
                                    

အိပ် ရာပေါ်လှဲကာ မျက်လုံး တွေကို မှိတ်လိုက်တော့ ပေါ်လာတာက နီထွေးထွေး နှုတ်ခမ်း တစ်စုံ..သေချာတယ်..သူ မူးနေတုန်းက တစ်ယောက်ယောက်ကို နမ်းခဲ့မိတာ အသေအချာပဲ..
အသက်ကို ပြင်းပြင်းရှုကာ စဉ်းစားလိုက်တော့ နောက်ထပ်ပေါ်လာသည့် ပုံရိပ်တစ်ခုက သူ တစ်စုံ တစ်ယောက် လည်တိုင်မှာ မျက်နှာ အပ်နေသည့် ပုံ
ဘုရားရေ..ဒါကရော ဘာလဲ..အဲ့ညတုန်းက ဘာတွေ ဖြစ်ခဲ့တာလဲ..
အဲ့လူက ဘယ်သူလဲ?
Xiaozhan စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေကို ဆွဲ ဖွ ပလိုက်သည်..
မနက်နိုးလာတော့ ငါက အကောင်းကြီးကပါ..ဟိုကောင်လေးလဲ အနားမှာ ရှိတော့ လွန်လွန်ကျူးကျူး တော့ ဖြစ်ခဲ့မှာ မဟုတ်ပါဘူး..
ဒီတိုင်း မေ့ပစ်လိုက်လို့ ရပါတယ်လေ

.....

နှစ်လခန့် ကြာသော်အခါ..

နှစ်လကြာပြီ..ကျဲက တော့ ဘာမှ ထူးခြားမလာသေးဘူး..သူ့ကြောင့် Yiboမှာ အနမ်းလဲ ခံလိုက်ရတယ်..ဒါ့အပြင် မား သိသွားတော့ သူပါရောပြီးအဆူခံလိုက်ရတယ်..
မားက ကျဲ ကိုယ်ဝန်ရှိလာရင် ပေကျင်းက ထွက်သွားဖို့ စီစဉ်ထားသည်..

"Yishin "

"ဟုတ်"

"ဟုတ်မနေနဲ့..နင် ဘာမှ မထူးခြားသေးဘူးလား"

"မားကလဲ ဘာထူးခြားရမှာလဲ"

"ဟဲ့ ကိုယ်ဝန်ကိစ္စလေ"

"ဘာမှ မဖြစ်သေးဘူး..စားလို့ သောက်လို့ ကောင်းနေတုန်း..အဟိ"

Yiboက ကျဲကို ကြည့်ကာ

"နင့်ဟာက ဟုတ်ရော ဟုတ်ရဲ့လား"

"Doctor ကတော့ အဆင်ပြေမယ် ပြောတာပဲ"

"ကျဲ..နင် ကိုယ်ဝန်ရှိတာနဲ့ အလုပ်က ထွက်ဖို့ ပြင်နော်"

"အေးပါ..မောင်လေးရဲ့..ငါသိပါတယ်..ငါအလုပ်သွားတော့မယ်..ညနေ လာကြို ဦးနော် မောင်လေး"

.....

ညနေ ကြတော့ ကျဲကို စောင့်နေရင်း ပျင်းပျင်းနဲ့ Lollipopတစ်လုံးကို ပါးစပ်ထဲ ထည့်ကာ ဟိုဟို ဒီ ဒီ ကြည့်နေတော့..

ဘူးခွံကို အမှိုက်ပုံးထဲ မထည့်ပဲ ဘာလို့ လမ်းပေါ်ဒီတိုင်းလွှင့်ပစ်ထားတာလဲ မသိဘူး..စည်းကမ်းမရှိလိုက်တာ..

Where is my Daddy?? (Completed)Where stories live. Discover now