Part- 10

7.9K 846 38
                                    

"Wang Yibo"

Xiaozhan ရဲ့ မျက်ဝန်းတွေဟာ Yiboကို တစ်လှည့် Lin Chiကို တစ်လှည့်ကြည့်ပြီး အံ့သြနေ
သည်။

"Xiao. .Xiaozhan က ဘယ်လို ဖြစ်ပြီး"

"Lin Chiက Wang Yiboသမီးလား"

"ဟုတ်တယ်"

Yiboက Xiaozhan ဘက်ရောက်နေသည့် Lin Chiကို သူ့ဘက် ဆွဲကာ ပြောသည်။

"ကိုယ့်ကားနဲ့ ကလေးကို တိုက်မိမလို ဖြစ်သွားလို့"

"ဟင်..ဟုတ်လား.Lin Chi ဘာဖြစ်သွားသေးလဲ "

Yiboက Lin Chiကိုယ်ကို စိုးရိမ်တကြီး လှည့်ပတ် ကြည့်သည်။

"Lin Chi ဘာမှမဖြစ်ပါဘူး.. ပါးပါးရဲ့"

"ကလေးက လမ်းပေါ်ဘောလုံးပြေးကောက်ရင်း ကားနဲ့တိုက်မိမလို ဖြစ်သွားတာ"

"Lin Chi.. သမီးကွာ နမော်နမဲ့ နဲ့..ကျေးဇူး တင်ပါတယ် Xiaozhan "

"ကျေးဇူးတင်ရင် ကိုယ့်ကို တစ်ခု ခု လိုက်ကျွေးလေ"

"ဗျာ."

"ကိုယ် ဗိုက်ဆာနေတာ"

"ဟို..အခုက."

"Lin Chiလဲ ဗိုက်ဆာနေတာ ပါးပါး..သွားစားကြမယ်..လာ..ဦးဦး "

Lin Chiက ကြားထဲကနေ Xiaozhan နဲ့ Yiboလက်ကို တစ်ဖက်ဆီ ဆွဲ ပြီး ပြောတော့Yibo ငြင်းမ
ရတော့..။

.......

ဒီလိုနဲ့ Sushi ဆိုင်မှာသုံးယောက်သား ထိုင်ဖြစ်ကြသည်။ Yiboက တော့ Xiaozhan နဲ့ Lin Chi ကို
ကြည့်ကာ စိုးရိမ်နေသည်။ Xiaozhan က Lin Chiကို သူ့သမီး မှန်းသိသွားပြီး ပြန်ခေါ်သွားရင် ဘယ်လို လုပ်မလဲ။

Xiaozhan က Lin Chi ခေါင်းလေးကို အသာ ပုတ်ပေးကာ..

"Lin Chi အသက်ဘယ်နှစ်နှစ်လဲ"

"ငါး နှစ် ဦးဦး"

Lin Chi စကားကြောင့် Xiaozhan မျက်ခုံးတွေ
ကြုံ့သွားသည်။Yiboကို ကြည့်ကာ Ph ကို ထုတ်
ပြီး စာ ရိုက်ကာ Yiboရှေ့ကို Ph ထိုးပြလာသည်။ Yibo Phက စာကို ဖတ်လိုက်တော့..။

"Lin Chi က Yiboရဲ့ သမီးအရင်းလား"

Yiboမျက်နှာက အနည်းငယ် ပျက်သွားပြီး ခေါင်းညိမ့်ပြသည်။

"Lin Chi က ငါး နှစ်ဆိုတော့...Yiboကိုယ်နဲ့ လော့ရန်မှာ တွေ့တဲ့ အချိန် က အိမ်ထောင်ကျပြီးသွားပြီလား..မဟုတ်လောက်ပါဘူး"

Where is my Daddy?? (Completed)Where stories live. Discover now