ခြံတံခါးဝက မြင်လိုက်တဲ့ မြင်ကွင်းကြောင့် Yibo ထိတ်လန့်သွားပြီး ကားရပ်လိုက်ကာ အမြန်ဆင်းပြီး Xiaozhan နား သွား ကာ ...
"ခင်ဗျား ဘာလာလုပ်တာလဲ "
"ကိုယ်မင်းကိုလာတွေ့တာ"
Yiboက Xiaozhan လက်ထဲ က Lin Chi ကို အတင်းပြန်လုကာ ချီလိုက်ပြီး...
"ကျွန်တော် တို့နှစ်ယောက်ကြားဘာမှ ပြောစရာ ကိစ္စမရှိဘူး"
"Yibo"
"ပြန်ပါတော့ Xiaozhan "
"မင်း ကိုယ်နဲ့ နှစ်ယောက်ထဲ အေးဆေး စကားမပြောချင်ဘူးဆို Lin Chi ရှေ့မှာ ကိုယ်မင်းကို ပြောရမလား"
ရှေ့ကို တိုးလာသည့် Xiaozhan ခြေလှမ်းတွေ ကြောင့် Yibo ထိတ်လန့်သွားပြီး Lin Chi ကို လက်ပေါ်မှ ချကာ..
"သမီး..အိမ်ထဲဝင်တော့ "
"ဟုတ်..ပါးပါး"
Lin Chi က Xiaozhan ကို လှည့်ကြည့်လှည့်ကြည့်နဲ့ အိမ်ထဲ ပြန်ဝင်သွားသည်။
"ဘာပြောမလို့လဲ ..ကျွန်တော် တို့နဲ့ မပတ်သတ်ပါနဲ့လို့ ပြောထားတယ်လေ"
"မင်း ရန်တွေ့နေတဲ့ ပုံလေးကို တွေ့ရတာ လွန်ခဲ့တဲ့ ငါးနှစ်က ပုံစံလေးလိုပဲ"
"Xiaozhan အရေးမပါတာတွေ မပြောနေနဲ့"
Xiaozhan က Yiboကို စိုက်ကြည့်ကာ
"ကိုယ့်ကို ဘာလို့ရှောင်နေတာလဲ"
"မတွေ့ချင်လို့ "
"ဘာလို့မတွေ့ချင်ရတာလဲ"
"ခင်ဗျားက ကျွန်တော့်ပေါ် မရိုးသားတဲ့စိတ်ရှိနေတာလေ.."
"အဲ့ဒါ ဘာဖြစ်လဲ..Yiboသာ ကိုယ့်ပေါ်စိတ်ရှင်းတယ်ဆို ဒီကိစ္စကြောင့် နဲ့ ကိုယ့်ကို ရှောင်စရာ မလိုဘူး..မတွေ့ချင်တာလား..မတွေ့ရဲတာလား"
"Xiaozhan "
Xiaozhan က Yiboနားကပ်လာကာ Yiboမျက်နှာကို ဆွဲမော့ပြီး
"မျက်ဝန်း တွေက စိတ်ရဲ့ တံခါးပေါက်တွေ..ညာလို့မရဘူး"
Yiboက Xiaozhan လက်ကို ပုတ်ထုတ်ကာ
"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့"
"ကိုယ့်ကို ဘာလို့ ညာရတာလဲ"