Part- 14

7.9K 902 31
                                    

"ကိုယ် မင်းကို ချစ်တယ် Yibo"

Xiaozhan က သူ့ကို ချစ်တယ်တဲ့။ အခု သူ့ကို Xiaozhan က ချစ်တယ်လို့ပြောနေတယ်။ ဟင့်အင်း..ဒါက ပျော်စရာ မဟုတ်ဘူး။ သူ့စိတ်ကို သူထိန်းမှ ဖြစ်မယ်။
Yiboက သတိပြန်ဝင်လာကာ Xiaozhan ရင်ခွင်ထဲ မှ အတင်းရုန်းထုတ်ပြီး..

"ဘာစကားပြောလိုက်တာလဲ Xiaozhan "

"ကိုယ် မင်းကို ချစ်တယ် Yibo"

"ခင်ဗျားက မကြာခင် လက်ထပ်တော့မယ့် သူလေ..ဘာလို့ ကျွန်တော့်ကို ဒီစကားလာပြောနေရတာလဲ"

"အဲ့ဒါ ကိုယ် မင်းကိုမတွေ့ခင်ကလေ...အဲ့ လက်ထပ်ပွဲက မိဘတွေဆန္ဒအရ လက်ခံလိုက်ရတာ..အခု မင်းကို တွေ့ပြီ.. ကိုယ် လက်ထပ်ပွဲ ကို ဖျက်တော့မှာ"

"ခင်ဗျား ကျွန်တော့်ကို လာကစားနေတာလား Xiaozhan "

"မဟုတ်ဘူး Yibo"

"လွန်ခဲ့တဲ့ ငါးနှစ်က ကိစ္စကြောင့် ခင်ဗျား အထင်လွဲနေပုံရတယ်..ကျွန်တော် ယောကျာင်္း အချင်းချင်း စိတ်မဝင်စားဘူး Xiaozhan "

"အဲ့စကားကို ကိုယ့်ကို တည့်တည့်ကြည့်ပြီး ပြော Yibo "

Xiaozhan က Yibo လက်ကို ဆောင့်ဆွဲကာ မျက်လုံး ချင်းစုံစေကာ မေးသည်။

"မင်းမျက်လုံးထဲမှာ အဖြေကို ကိုယ်တွေ့နေရတယ်..မညာပါနဲ့ Yibo"

Yiboက Xiaozhan ဆွဲထားသည့် လက်ကို ပြန်ရုန်းကာ..

"ခင်ဗျားက ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးတာပဲ Xiaozhan.... ကျွန်တော် မှာ သမီးတစ်ယောက်တောင် ရှိတာ..ကျွန်တော် က ယောကျာင်္း အချင်းချင်း စိတ်ဝင်စားမယ်လို့ ခင်ဗျား ထင်နေတာလား "

"Yibo. ....."

"ကျွန်တော် နဲ့ ကျွန်တော့်သမီး နားက ဝေးဝေးနေပါ Xiaozhan... နောက် ကျွန်တော် တို့ကို မနှောင့်ယှက်ပါနဲ့"

........
Xiaozhan ဆီကနေ ပြေးထွက်လာပြီး Yibo က ဆေးရုံက Toilet ထဲ ဝင်ကာ ထိန်းထားသမျှ ငိုချမိသည်။ Xiaozhan က သူ့ကို ချစ်တယ်တဲ့လေ။ ဒါက သူ အကြားချင်ဆုံး စကားပဲ..။ သူပျော်ရမှာ ဖြစ်ပေမယ့် မပျော်နိုင်ဘူး။ အပြစ်ရှိနေတဲ့ လူတစ်ယောက် လို ခံစားနေရသည်။ Lin Chiရဲ့ အဖေ ဖြစ်တဲ့သူက ဦးလေး ဖြစ်တဲ့ သူ့ကို ချစ်တယ်တဲ့လေ။ ဒါက မဖြစ်သင့်တဲ့ အရာပဲ။

Where is my Daddy?? (Completed)Where stories live. Discover now