Part- 7

7.6K 869 47
                                    

"ဟီးဟီး..အသည်းယားလိုက်တာ..အာ.ကြည့်ပါဦး..ချစ်စရာလေးတွေ"

စောင်ကိုက်ပြီး အော်ဟစ်နေတဲ့ ကျဲကို ကြည့်ကာ Yiboသက်ပြင်းချသည်။ မကြာခင်ကလေးအမေဖြစ်တော့မယ်။ အခုထိ BLကား ကြည့်ပြီး စောင်ကိုက် ကောင်းတုန်း။

"မောင်လေး..ပန်းသီးလေး ပေးပါဦး "

ဘေးနားထိုင်ကာ ပန်းသီးတွေအခွံခွာပေးနေသည့် Yiboက လှီးထားသည့် ပန်းသီးကို ပေးလိုက်ပြီး..

"ကျဲ..နင်ဒါတွေဘယ်တော့ ရပ်မှာလဲ..မကြာခင်ကလေးအမေဖြစ်တော့မယ်..အခုထိ ကြည့်ကောင်းတုန်း"

"ဟဲ့..ကလေးအမေဖြစ်တာနဲ့ ဘာဆိုင်လဲ.. ဝါသနာက ဝါသနာပဲ..မစွန့်လွှတ်နိုင်ဘူး"

"အေး..ကြည့်ကြည့်..မပြောတော့ဘူး.. နင့် ဗိုက်ထဲက ကလေးက နင့်လို ဖြစ်နေဦးမယ်"

"ဖြစ်လဲ ဘာဖြစ်လဲ..အဖော်ရတာပေါ့..ဟီးဟီး "

ဘယ်လိုပြောပြော မနိုင်ဘူးဆိုတာ သိသောကြောင့် Yiboသက်ပြင်းကိုသာချမိသည်။

"ညနေ Ultrasoundသွားရိုက်ရမှာမလား"

"အင်း..နင်လိုက်မှာမလား"

"ငါမလိုက်လို့ ဘယ်သူ လိုက်ပေးရမှာလဲ..နင့်ကြောင့် ငါမှာ ကျောင်းတောင် ပြောင်းပြီး လိုက်လာရတာ"

ကျဲကိစ္စကြောင့် Yibo ပေကျင်းကနေ လော့ရန် ကို တောင် ကျောင်းပြောင်းထားရတာ။

"အင်းပါ..ငါ ကျေး ဇူးတင်ပါတယ် မောင်လေး ရယ်"

"အပိုတွေ မပြောနဲ့..ဆေးသောက်ပြီးပြီလား"

"အေး..ပြီးပြီ"

Yiboက TVကို ပိတ်လိုက်ပြီး

"ဒါဆို သွားအိပ်တော့"

"Yibo. .ငါ ဒီတစ်ပိုင်းပဲ ထပ်ကြည့်.."

"တော်တော့..တစ်ပိုင်းတစ်ပိုင်းနဲ့ မနက်ထဲက နေ့လယ်တောင် ရောက်နေပြီ..အိပ်တော့..ဒါမှ နင်အားရှိမှာ"

"Yibo "

"ငါ Ph ပါ သိမ်းလိုက်ရမလား"

"အိပ်ပြီ..အိပ်ပြီ"

........

Screen ထဲက ပုံရိပ်လေးက ဒုတိယအကြိမ် မြင်ရသည့် အချိန်မှာတော့ ကောင်းကောင်း ရုပ်လုံးလေး ပေါ်လာပြီ ဖြစ်သည်။

Where is my Daddy?? (Completed)Where stories live. Discover now