Part-12

7.8K 881 38
                                    

"ဘာပြောလိုက်တာ.."

Yiboက Xiaozhan စကားကို နားမလည်စွာ နဲ့ ပြန်မေးလိုက်သည်။

"အဲ့ ညက ကိုယ်တို့ လွန်ကျူးမိကြပြီး Lin Chi က ကိုယ်နဲ့ မင်းရဲ့..."

"ဟားဟား...Xiaozhan ရာ"

Yiboက ထိတ်လန့်နေသည့် ကြားမှ မျက်ရည်ထွက်အောင်ပင် ရယ်လိုက်မိသည်။

"Lin Chiကို ကျွန်တော် မွေးရအောင် ကျွန်တော် က ယောကျာင်္းလေးလေ"

"ဒါပေမဲ့ ရှားပါးဖြစ်စဉ်ဆိုတာ ရှိကြတယ်လေ..ဟို"

"Xiaozhan ပြောချင်တာက ကျွန်တော် က ကလေးမွေးနိုင်တယ် ဘာညာကို ပြောတာလား..အဲ့လို လုံးဝမဟုတ်ပါဘူး...Lin Chi က ကျွန်တော့်သမီးပါ Xiaozhan နဲ့ မဆိုင်ဘူး"

"အဲ့ညက ကိုယ်တို့တွေ တစ်ခုခု ဖြစ်ခဲ့ ကြတယ်ဆိုတာတော့ အမှန်ပဲ မလား"

"ဖြစ်ခဲ့ ကြတယ်ဆိုပေမယ့် ကျွန်တော် တို့ အဆုံးထိ မရောက်ခဲ့ကြပါဘူး..ဒါကြောင့် Xiaozhan စိတ်ပူစရာ မလိုပါဘူး"

Yiboရဲ့ ပေါ့ပျက်ပျက် ပုံ ပေါက်နေတဲ့ စကားပြောဟန်ကို Xiaozhan က မကြည်သလို ကြည့်ကာ

"အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မင်းစိတ်ထဲ ဘာမှ မဖြစ်ဘူးလား"

"ဒါက မထူးဆန်းပါဘူး..Xiaozhan မူးနေတာလေ..အသိစိတ်မှ မရှိတာ..ဒါမျိုး က ရှိမှာပဲ..ကျွန်တော်တို့ နှစ်ယောက် လုံး ယောကျာင်္းလေးတွေပဲဟာ..ဘာမှ မဖြစ်ပါဘူး"

"Yibo. .တကယ်ပဲ ကိုယ်နဲ့ ပတ်သတ်ပြီး မင်းစိတ်ထဲ."

"ခဏနေ ကျွန်တော် Meeting ရှိတယ်..Xiaozhan ပြောစရာ မရှိတော့ရင် ပြန်ပါတော့"

Yiboရဲ့ ပညာရှိ ပါပါ နှင်နည်းကြောင့် Xiaozhan ဘာမှဆက်မပြောတော့ပဲ ထွက်သွားသည်။

Xiaozhan ထွက်သွား မှ Yibo သက်ပြင်းချကာ..

"ခင်ဗျား ဘယ်လိုတွေ ဖြစ် စေချင်နေတာလဲ Xiaozhan ရယ်..ကျွန်တော့် ကို မျှော်လင့် ချက်တွေ လာမပေးပါနဲ့"

.............

Xiaozhan စိတ်ထဲမှာ Yiboနဲ့ Lin Chi အကြောင်းက အချိန်တိုင်းပြည့်နှက်နေသည်။ Lin Chi က တကယ်ပဲ Yiboရဲ့ သမီး အရင်းလား..
သူ့စိတ်ထဲမှာ Yibo က သူ့ကို တစ်ခုခု ဖုံးကွယ်ထားသလို ခံစားနေရသည်။
Lin Chi နဲ့ သူစတွေ့တဲ့ နေ့တုန်းက Yiboမျက်လုံးတွေက တစ်ခုခုကို ထိတ်လန့်နေသည့် ပုံ..။
Yibo အကြောင်းတွေကို သူစုံစမ်းဖို့ လိုအပ်နေပြီ။

Where is my Daddy?? (Completed)Where stories live. Discover now