Part - 5

8.3K 829 43
                                    

အတင်းတွေ သူ့ကို နမ်းနေတဲ့ Xiaozhan ကို Yiboက အားကုန် သုံးပြီး တွန်းထုတ်လိုက်ရတယ်..
အသက်ကိုလဲ ဝအောင်ရှုရသေးတယ်..လူဂွစာက အကြမ်းပတမ်း နမ်းသွားတာ..ပထမဆုံး အနမ်းကတော့ သွားပါပြီ..

"မူး..ဒယ်.."

စကားတွေမပီမသ ပြောပြီး လက်ဆေး ဘေစင်ထဲ ခေါင်းစိုက်နေတဲ့ Xiaozhan ကို Yiboက လက်တစ်ဖက်နဲ့ ဆွဲကာ ကျန်လက်တစ်ဖက်နဲ့ ကျဲဆီ Ph ဆက်ရတယ်..

"ကျဲ...ထွက်လာခဲ့တော့..ဆိုင်ရှေ့မှာစောင့်နေ "

မနိုင်မနင်းနဲ့ Xiaozhan ကို တွဲကာ ဆိုင်ရှေ့ ထွက်လာရတယ်..
ဆိုင်ရှေ့ မှာ အသင့်စောင့်နေတဲ့ ကားပေါ် တက်တော့..Xiaozhan ကို ကားနောက်ခန်းထဲ ထည့်ပြီး သူက အရှေ့ခန်းကို သွားမည် လုပ်တော့..
Xiaozhan က ခေါင်းထောင်လာပြီး သူ့ကို ဆွဲ ဖက် လိုက်သည်..

"ဘာ...ဘာလုပ်တာလဲ..လွှတ်"

"ချမ်းတယ်..ဖက်ထားပေး"

အရပ်ရှည်ကြီးမှ အားမနာ ခါးကိုင်း ပြီး Yibo ရင်ခွင်ထဲ တိုး ဝင်လာကာ ခါးတွေ ကို အတင်းဖက်ထားသည်..ကျဲက ခွီ ခနဲ ရယ်ကာ

"နောက်ခန်းမှာ ပဲ ထိုင်လိုက်တော့..ငါကားမောင်းလိုက်မယ်"

ဒီလိုနဲ့ Yiboက တောင့်တောင့်ကြီး နောက်ခန်းမှာ ထိုင်နေရတယ်..Xiaozhan က ပါးစပ်ကနေ ဘာတွေ ပြောနေလဲ မသိ..တစ်ခွန်း ပြောတိုင်း သူ့ရင်ခွင်ထဲကို ပိုတိုးဝင်လာတယ်..

"ဟီး ဟီး"

ကားမောင်းနေရင်း နောက်ကြည့်မှန်ကနေ ကျဲက သူတို့ကို ကြည့်ပြီး တဟီး ဟီးနဲ့ ရယ်နေတာကြောင့်

"ရှေ့ကို ကြည့်မောင်း..ငါ မသေချင်သေးဘူး"

"အေးပါ..နင်မသေ ရပါဘူး မောင်လေးရယ်..ယောကျာင်္းယူရဦးမှာ"

"ကျဲ... "

"တကယ် လိုက်ဖက်တာနော်..နင်တို့ နှစ်ယောက်က နေနဲ့လ ရွှေနဲ့ မြဆိုတာ ထက် ပို တယ်..မောင်လေး..နင် သူ့ကို မကြိုက်ဘူး လား"

"ကျဲ...ငါ ကားပေါ် ကဆင်းသွားမှာနော်"

"အဟီး..နောက်တာ..မပြောတော့ဘူး.. မပြောတော့ဘူး"

မပြောတော့ဘူး သာပြောတာ Yishinက နောက်ကို ကြည့်ပြီး သွားကြီး ဖီး နေတုန်း..လိုက်ဖက်လိုက်တာ..
ဘယ်လို ကြည့်ကြည့်ကို အရမ်းလိုက်ဖက်လွန်းအား ကြီးတယ်..Xiaozhan နဲ့ အမျိုးတော်ချင်လိုက်တာ

Where is my Daddy?? (Completed)Where stories live. Discover now