Chapter-4

14.2K 2.2K 113
                                    

(Unicode)

2020 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်။

ယနေ့ည Jayy အပိုင်းသစ်တင်မည်ဖြစ်၍ တမှူး ဖုန်းတကိုင်ကိုင်ဖြင့်စောင့်နေ၏။

သို့သော် Jayy ကို မကျေနပ်စိတ်သေးသေးလေး တမှူးရင်ထဲ၌ရှိနေသည်။ ဆိုင်တော့မဆိုင်ပေမဲ့ မနေ့က စာရေးသူအမျိုးသမီးအောက်မှာကျတော့ ရက်ရက်ရောရော ကွန်မန့်တွေပေးပြီး သူ့ပိုစ့်တိုင်းကို ကပ်ပရှင်အမျိုးမျိုးနှင့်ရှဲလေ့ရှိသော မိမိကိုကျတော့ ရံဖန်ရံခါလောက်သာ အဖက်လုပ်သည်မို့ တမှူးဘက်က Jayy ကို တစ်ဖက်သတ် စိတ်ကောက်နေပါသည်။

ထိုအခါမျိုးတွင် Jayy ကို ပစ်ထားလိုက်ကာ မကြိုက်တော့ဘဲနေလိုက်ဖို့ စိတ်ကူးမိဖူးသည်။ သို့သော် Jayy ၏ အပိုင်းသစ်ကို မဖတ်ဘဲနေရလောက်သည်အထိတော့ စိတ်ကမမာပါ။

ရယ်တော့ရယ်ရသည်။ ကိုယ့်ဘာကိုယ် သေအောင်ပဲကောက်ကောက်၊ ကွေးအောင်ပဲကောက်ကောက် Jayy က သိလည်းမသိနိုင်သလို ချော့လည်းချော့မှာမဟုတ်ဘူးလေ။ သို့သော် ကံဆိုးစွာ တမှူးက စိတ်သိပ်မမှန်သူ၊ အီမိုရှင်နယ်ဖြစ်ပြီး အပြောင်းအလဲမြန်သူလည်းဖြစ်​ေနသည်။ Jayy ကို ဟိုးယခင်တုန်းကလည်း မိမိပို့သည့်စာတွေကို မကြည့်၍ ခဏခဏစိတ်ကောက်ခဲ့ဖူးပါသည်။ ပြီးတော့ မနေနိုင်ဘဲ ကိုယ့်ဘာကိုယ်ပဲ စိတ်ပြန်ပြေပြီး Jayy နောက် ကောက်ကောက်ပြန်ပါသွားတာပင်။

ရှစ်နာရီကွက်တိတွင် Jayy ၏ အပိုင်းသစ်လေးတက်လာသည်။ တမှူး ခါတိုင်းလို ချက်ချင်းပြေးမဖတ်ဘဲ သုံးစက္ကန့်စောင့်ဆိုင်းသည်။ ထိုအရာသည် တမှူး၏ တစ်ဖက်သတ် စိတ်ကောက်ခြင်းကိုပြသော သင်္ကေတပင်ဖြစ်၏။ သုံးစက္ကန့်ကျော်ပြီးမှ ဖတ်သောအခါ ပထမဆုံးကြယ်လေး၏ပိုင်ရှင်သည် တမှူးမဖြစ်နိုင်ခဲ့တော့ပါ။ ထိုအခါမှ နောင်တရချင်သလို ခံစားရလိုက်သည်။ မတော်တဆ Jayy သည် တမှူးအား သူ့၏ အမြဲတစေ first vote လေးအဖြစ်သတိထားမိနေခဲ့ရင် ယနေ့တမှူး first vote မဖြစ်မှန်းသိသောအခါ Jayy စိတ်မကောင်းဖြစ်နေလေမလားဟု မဆီမဆိုင်တွေးမိသွား၏။

အပိုင်းသစ်ဖတ်ပြီးချိန်တွင် ခါတိုင်းလို ခံစားချက်၊ ဝေဖန်သုံးသပ်ချက်နှင့် ဇာတ်လမ်းခန့်မှန်းချက်များရေးသောအခါ ခံစားချက်က သိပ်မကောင်းသဖြင့် အရင်လို မသွက်လက်။ ထို့ကြောင့် ယခင်အခါများထက် အချိန်ကြာသွား၏။ ရေးပြီးပြန်ဖတ်ကြည့်တော့လည်း အနည်းငယ် ထောက်နေသလို ခံစားရသည်။ သို့သော် အရမ်းနောက်ကျနေမည်ဆိုးသောကြောင့် ထိုအတိုင်းပင်ပို့လိုက်ရ၏။

I ADORE YOU. (COMPLETED)Where stories live. Discover now