Chapter-30

11.6K 1.6K 220
                                    

(Unicode)

"မေမေ"

မီးဖိုခန်းထဲသို့ ဝင်လာရင်း ချက်ပြုတ်နေသော မေမေ့ကို အနောက်မှ ဖက်ကာ ခပ်ချွဲချွဲ ခေါ်လိုက်သည်။ အရွယ်ရောက်လာပြီးနောက်ပိုင်း မေမေ့ကို ယခုလို မဖက်ရတာပင် ကြာပြီ။

"သား...ဘာလိုချင်လို့ အောက်ထိတောင် ဆင်းလာတာလဲ၊ သက်သာလို့လား"

နေမကောင်းဖြစ်နေသည့်သားကို မေမေက နူးနူးညံ့ညံ့ ဆက်ဆံသည်။ ပုံမှန်ဆိုလျှင်လည်း နူးညံ့ပါသော်လည်း စိတ်မရှည်လာလျှင်တော့ တမှူးခေတ်ဟူသော အမည်ကို နောက်မှခေါ်ပြီး လက်က ဇိုးခနဲဇက်ခနဲ အရင်လုပ်သည်။

"သက်သာတယ် မေမေ"

နေ့လယ်က ဆေးသောက်ပြီး စီနီယာက တစ်ရေးအိပ်စေသည်။ တမှူး အိပ်ပျော်သည်အထိ စောင့်နေပေးခဲ့ပြီး တမှူးအိပ်မှ ပြန်သွားသည့်ဟန်တူသည်။ တမှူး နိုးလာတော့ မရှိတော့။

"အင်း...မျက်နှာလေးက လန်းလာသလိုပဲ"

"တကယ် သက်သာသွားပြီ မေမေရဲ့၊ ကိုယ်ပူတောင်ကျသွားပြီ တွေ့လား"

မေမေက နှဖူးကို စမ်းကြည့်၍ ဟုတ်မှန်ကြောင်း ခေါင်းညိတ်သည်။

"တော်သေးတာပေါ့၊ ကျသွားလို့၊ မဟုတ်ရင် မနက်ဖြန် ဆေးရုံသွားဖို့တောင် မေမေက ပြင်တော့မလို့"

"မလိုတော့ဘူးဗျ၊ သား ကောင်းသွားပြီ"

ပြောရင်း ဗိုက်ထဲ အနည်းငယ် ဆာသလို ရှိနေ၍ မီးဖိုချောင်ထဲ ဝေ့ကြည့်လိုက်သည်။ သည်နေ့ညနေတော့ ဆန်ပြုတ်မသောက်ချင်တော့။ တခြားဟာကျွေးဖို့ မေမေ့ကို ရအောင်တောင်းဆိုရမည်။ ထိုစဥ် အထုပ်ကြီးအထုပ်ငယ်များနှင့် မနည်းလှသည့် မုန့်များကို စားပွဲပေါ်တွင် တွေ့လိုက်ရ၏။

"မေမေ မုန့်တွေကများလိုက်တာ၊ ဘာလို့ အဲ့လောက်တောင် အများကြီး ဝယ်ထားတာလဲ"

"အမလေး...မေမေဝယ်တာ မဟုတ်ပါဘူး၊ သားအစ်ကို နေရင့်ရောင် ဝယ်လာတာလေ၊ နည်းနည်းနောနောမဟုတ်ဘူး၊ မုန့်တိုက် မ,လားသလား ထင်ရတယ်၊ ဒါတွေက ရေခဲသေတ္တာမဆံ့တော့လို့ အပြင်မှာ ထုတ်ထားတာတွေ"

တမှူး ပါးစပ်အဟောင်းသားဖြစ်ရပါသည်။ ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်တော့ တကယ်ပင် အပြည့်။ စီနီယာ့၏ တမှူးအပေါ် အလေးထားမှုကြောင့် ကြည်နူးစိတ်ကလေးက နှုတ်ခမ်းများကို ပြုံးစေသည်။ ထို့နောက် အပြင်ရှိ မုန့်ထုပ်များကို ဖွင့်ကြည့်ရင်း စားချင်သည်များကို ရွေးယူလိုက်သည်။

I ADORE YOU. (COMPLETED)Where stories live. Discover now