Chapter-18

10.1K 1.7K 184
                                    

(Unicode)

မနက်ခင်း၏ နေရောင်ခြည်နှင့်အတူ အောက်ထပ်မှ မိမိနာမည်ကို ခေါ်နေသလိုလို အသံကြောင့် တမှူး ဖျပ်ကနဲ့လန့်နိုးလာသည်။ နာရီကြည့်တော့ ၆ နာရီ။ အစောကြီးရှိသေးသည်ကို ဘယ်သူက သူ့ကိုခေါ်နေတာလဲ။ စောင်ကို ခေါင်းမြှီးခြုံပြီး ပြန်အိပ်ဖို့ကြိုးစားသည်။

"ဟဲ့ တမှူးခေတ်၊ ငါခေါ်နေတာ လိပ်ခေါင်းထွက်တော့မယ်၊ အောက်မှာ နင့် ပါဆယ်ရောက်နေတယ်၊ ဘာတွေမှာထားပြန်ပြီလဲ"

လေသံအေးအေးနှင့် ပြောနေကျမေမေ့၏ စိတ်မရှည်စွာအော်သံထွက်လာမှ ကုတင်ပေါ်၌ ငုတ်တုတ်ထိုင်လိုက်သည်။ ပါဆယ်???...။ ဘာပါဆယ်လဲ...။ တမှူး ဘာမှ မမှာထားပါဘူး။

ဝုန်းဒိုင်းပြေးဆင်းလာပြီး အောက်ထပ်ရောက်တော့ မေမေက မီးဖိုခန်းဝမှာ။

"တမှူးခေတ်၊ ညက ပြောတော့ မွေးနေ့အလှူလုပ်ဖို့ ပိုက်ဆံစုမလို့ဆို၊ အခုက ဘယ်ပိုက်ဆံနဲ့မှာထားပြန်ပြီတုန်း၊ ဟိုးရက်ကလည်း အရုပ်ကြီးတစ်ရုပ်ဝယ်လာတယ်၊ ဟိုနေ့ကလည်း ပါဆယ်ထပ်ရောက်တယ်၊ ဟော့...အခုလည်းလာပြန်ပြီ"

ခေါင်းကုတ်ပြီးသာ သွားဖြီးပြလိုက်သည်။ ခြံဝရှိ ပစ္စည်းလာပို့သော ကောင်လေးဆီသို့ ရောက်တော့ ခေါင်းနပန်းကြီးသွားသည်။ ဘူးက ကြီးလှချည်လား။ တမှူး လက်တပွေ့စာလောက်ရှိမည်။ သူ ဘာတွေမှာထားမိသေးလဲ မာမိုရီ ရီကော ပြန်ခေါ်ရသည်။ ပိုက်ဆံရော ရှင်းပြီးရဲ့လား။ ဟင့်အင်း...သူမှတ်မိသလောက် ဘာမှမမှာထားပါဘူး။ ဘုရားရေ။

မိမိထက် ငယ်မည်ဟုယူဆရသော ကောင်လေးကို ရယ်ပြလိုက်သည်။

"ဘာတွေလဲ ညီလေး"

"ဗျာ...၊ ဒါတော့ ကျွန်တော် ဘယ်သိမလဲ၊ ကျွန်တော်က ပစ္စည်းပို့ရုံသက်သက်ပဲ"

"ဟုတ်လား၊ ဒါနဲ့ အိမ်လိပ်စာရော မှန်ရဲ့လား၊ အစ်ကို့ စိတ်ထင် အစ်ကို ဘာမှ မမှာထားဘူးလားလို့"

"မှန်ပါတယ်၊ ဒီမှာလေ...ဒီအိမ်လိပ်စာနဲ့ နာမည်က တမှူးခေတ်တဲ့၊ အစ်ကိုက တမှူးခေတ်မဟုတ်ဘူးလား၊ စောနက အန်တီကြီးကတော့ ဟုတ်တယ်လို့ပြောသွားတယ်"

I ADORE YOU. (COMPLETED)Where stories live. Discover now