Chapter-21

9.8K 1.6K 192
                                    

(Unicode)

"You leave me breatheless...."

နှစ်ခြိုက်စွာအိပ်မောကျနေစဥ် နားထဲတိုးဝင်လာသော ဖုန်းသံက တမှူးကို ဖျပ်ကနဲ့ လန့်နိုးသွားစေသည်။ တိတ်ဆိတ်နေသော ညအမှောင်ဝယ် Shayne Ward ၏အသံက အတော်လေး ကျယ်လောင်နေသည်။ တိုင်ကပ်နာရီထံ အကြည့်ရောက်တော့ ည ၁၁ နာရီ ၅၅ မိနစ်။

အိပ်ချင်မူးတူးဖြင့် စားပွဲပေါ်မှ ဖုန်းကို ယူကြည့်လိုက်တော့ ဖုန်းမျက်နှာပြင်တွင်ပေါ်နေသည့်အမည်က စီနီယာ...။ ဒီအချိန်ကြီး ဘာလုပ်ဖို့ပါလိမ့် ။ မွေးနေ့ဆုတောင်းပေးဖို့ များလား...။ ဒါဆိုလည်း ဒီတိုင်း သူ့ဘာသူလိုင်းပေါ်မှာ ဆုမတောင်းပေးဘဲ တမှူးကို အိပ်ရေးပျက်အောင်လုပ်တယ်။

"ဟဲလို စီနီယာ"

"ဟဲလို...ကောင်လေး ၊ ခြံရှေ့ခဏထွက်ခဲ့ဦး"

"အမ်...ဘာလုပ်ဖို့လဲ "

"ကိုယ်ရောက်နေတယ်"

"ဘာ..."

အလျှင်အမြန် ပြတင်းပေါက်နားပြေးသွား၍ ကြည့်လိုက်သောအခါ ခြံရှေ့၌ ရပ်ထားသည့်ကားလေးဘေးတွင် ရပ်နေသော စီနီယာ...။

အိပ်ချင်မူးတူးစိတ်လေးတောင်ပျောက်သွားရသည်။ စီနီယာက ညသန်းခေါင်ကို တမှူးအတွက် မွေးနေ့ဆုတောင်းပေးဖို့ ဒီထိလာသည်တဲ့လား။ ရင်ထဲ စိမ့်ကနဲ့ ဖြစ်သွားသည်အထိ ကြည်နူးသွားသလို ခံစားရသည်။

"ဟုတ်...ကျွန်တော်ဆင်းခဲ့မယ်"

မေမေတို့မနိုးအောင် တိတ်တဆိတ်ခိုးဆင်းရသည်။ ရီလည်းရီချင်သည်။ ယခုတမှူးအဖြစ်က ညသန်းခေါင် ရည်းစားနှင့် ချိန်းတွေ့နေရသကဲ့သို့ပင်။ ခိုးကြောင်ခိုးဝှက်လုပ်နေမိသဖြင့် ရင်ထဲ တလှပ်လှပ်။ တမှူး ခြံတခါးသော့ဖွင့်နေချိန် စီနီယာက လက်လှမ်းပြသည်။

"ဒီအချိန်ကြီး အပင်ပန်းခံပြီးတော့ဗျာ..."

"မွေးနေ့ရှင်လေးကို အပြင်မှာတွေ့ပြီး ဆုတောင်းပေးချင်လို့လေ"

တမှူး ကြည်ကြည်နူးနူးပြုံးရပြန်သည်။ စီနီယာက တကယ်ကြင်နာတတ်တယ်။

"အဲ...စီနီယာ ဆံပင်ညှပ်လိုက်တာလား"

"အင်း...နေ့လည်က ကောင်လေးကို ပို့ပြီး အပြန်ဝင်ညှပ်လိုက်တာ"

I ADORE YOU. (COMPLETED)Where stories live. Discover now