Chapter-13

10K 1.6K 109
                                    

(Unicode)

တမှူး၏ဂျီကျမှုကြာင့် စီနီယာသည် တမှူးခေတ်အား သူလေကျင့်သည့်နေရာသို့ နောက်တစ်ခေါက်ခေါ်လာရသည်။

ယနေ့မှတိုက်တိုက်ဆိုင်ဆိုင် အစ်ကိုကောင်းမြတ်မင်းက နေမကောင်း၍ လေ့ကျင့်ဖို့မလာဘူးတဲ့။ စီနီယာက တမှူးကို ကြည့်ကာ ပြုံးစိစိ။ အစ်ကိုကောင်းမြတ်မင်းလာသည်မလာသည်ကို တမှူးစိတ်မဝင်စားသော်လည်း စီနီယာ့၏ အကြည့်ကြောင့် တမှူးဒေါသတလိမ့်လိမ့်ထွက်နေရသည်။

ထို့ကြောင့် စီနီယာ လေ့ကျင်ပြီး အနားလာသောအခါ အရင်တစ်ခေါက်လို ရေဘူးထုတ်မပေးဘဲ မသိချင်ယောင်ဆောင်နေလိုက်သည်။ စီနီယာကတော့ ယခုတိုင် ပြုံးစိစိ။ စီနီယာ့၌ ပုံစံအမျိုးမျိုးရှိသည်။ တစ်ခါတလေ လူကြီးဆန်ဆန်နှင့် တမှူးကို ဆုံးမတတ်ပြီး၊ တစ်ခါတလေကျတော့ စီနီယာကိုယ်တိုင်က လူငယ်ဆန်ပြီး ခေါင်းမာသည်။ လိုချင်တာကို မရ,ရအောင်ယူတတ်သည်။ ဥပမာ တမှူးကို friend request လက်ခံခိုင်းတုန်းကလိုပေါ့။ တစ်ခါတလေတော့လည်း စီနီယာက ရုပ်တည်တည်ပုံမျိုးနှင့် စကားများပြီး စတတ်ပြန်သည်။ တစ်ခါတလေ အကြောင်းအရင်းမရှိ တစ်နေရာတည်းကို ငေးပြီး တိတ်တိတ်လေးနေတတ်သည်။

"ဟေကောင် နေရင့်ရောင်၊ ငါတောင်းထားတဲ့ ပုံဆွဲပြီးပြီလား"

စီနီယာနှင့်ဆော့ဖော်ဆော့်ဖက် ​သူငယ်ချင်းတစ်ယောက်က စီနီယာ့ ပုခုံးကိုဖက်လျက်မေးလာသည်။

"ပြီးတော့မယ်၊ ငါနောက်နေ့ယူလာခဲ့မယ်"

"အိုကေ...အိုကေ...ငါ့ကောင်မလေးပုံကို လှလှလေးနော် ဟင်း...ဟင်း၊ မင်းကို ယုံထားတယ်နော်"

ထိုအစ်ကိုက စီနီယာ့ ပုခုံးကို နှစ်ချက်ခန့်ပုတ်ပြီး နှုတ်ဆက်ကာထွက်သွားသည်။

"ဘာလုပ်တာလဲ စီနီယာ"

စိတ်ဆိုးနေသော်လည်း သိချင်စိတ်ကြောင့်မေးမိသည်။

"မင်းစီနီယာ နေရင့်ရောင်က ပုံတူဆွဲတဲ့နေရာမှာ ဆရာကြီးလေ၊ ဒါကြောင့် ဟိုကောင်က သူ့ကောင်မလေး မွေးနေ့အတွက် လက်ဆောင်ပေးချင်လို့ ဒီကောင်ဆီမှာ ပုံတူအပ်ထားတာ"

I ADORE YOU. (COMPLETED)Where stories live. Discover now