Chapter-27

10.2K 1.6K 313
                                    

(Unicode)

"ယုန်ပေါက် စာမေးပွဲနီးနေပြီနော်၊ စာမကျက်သေးဘူးလား၊ fic တွေချည်းပဲ အချိန်ပြည့်ဖတ်မနေနဲ့"

"အဝေးကြီးလိုပါသေးတယ် Jayy ရာ"

တမှူး ဖုန်းကိုကိုင်ရင်း ဒန်းပေါ်ထိုင်လိုက်သည်။ ညနေခင်း လေညှင်းသွဲ့သွဲ့က လူကို လန်းဆန်းစေသည်။ ရေမိုးချိုးပြီးကာစလန်းဆန်းမှုနှင့် ညနေလေပြေ၏လတ်ဆတ်မှုတို့ပေါင်းလိုက်သောအခါ လူကလွတ်လပ်ပေါ့ပါးကာ စိတ်ကအလိုလိုကြည်နူးနေသည်။ သာယာသောရာသီဥတုက လူတစ်ယောက်ယောက်ကို လွမ်းဆွတ်ဖို့ အတော်လေးသင့်တော်နေသည်။

ထိုသို့ဆိုတော့ တမှူးလွမ်းဆွတ်မိသည်က တစ်ခါမှ မတွေ့ဖူးသည့် လူတစ်ယောက်ကိုသာလျှင်။ တကယ်ပင် Jayy ကို သတိရလွမ်းမိသလိုဖြစ်နေသောကြောင့် fic တစ်ပုဒ်အကြောင်းပြကာ Jayy ဆီဖုန်းဆက်မိသည်။

"Jayy အခု ဘာလုပ်နေလဲ"

"ကိုယ်ခြံထဲမှာလမ်းလျှောက်နေတာ"

"ဝါး...တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်လည်း ခြံထဲမှာ လမ်းလျှောက်နေတာ၊ အဟိ...ကျွန်တော်နဲ့ Jayy နဲ့ စိတ်ချင်းဆက်နေတာဖြစ်ရမယ်"

Jayy ထံမှ ခပ်ဟဟရယ်မောသံကို ကြားရသည်။ Jayy ရယ်သံကြားလျှင် Jayy ကို အပြင်တွင် တွေ့မြင်ဖူးချင်သည့်စိတ်တို့ ပိုဖြစ်ရသည်။

"Jayy ညနေစာစားပြီးသွားပြီလား"

"မစားရသေးဘူး၊ လမ်းခဏလျှောက်ပြီးမှ တက်စားမလို့၊ ယုန်ပေါက်ရော"

"ကျွန်တော်က ထမင်းတောင်စားနိုင်မှာမဟုတ်တော့ဘူး၊ ခုနလေးတင် ကြက်ကြော်တွေအများကြီးစားထားလို့"

Jayy ဘက်မှ ရယ်သံလိုလိုခပ်ဖွဖွကြားရပြန်သည်။

"ကြက်ကြော်ကြိုက်တာလား"

"ဟုတ် အကြော်တို့အကင်တို့ဆိုကြိုက်တယ်၊ အချက်ဆိုမကြိုက်ဘူး၊ ဒါနဲ့လေ Jayy သိလား...ဒီနေ့ ကျွန်တော် ကြက်ခြံရောက်သွားသေးတယ်"

"ဟုတ်လား၊ ဘယ်လိုဖြစ်ပြီးတော့လဲ"

"Jayy ကို တစ်ခါပြောပြဖူးတဲ့ စီနီယာနေရင့်ရောင်ဆိုတာလေ၊ သူ့ကြက်ခြံကိုလိုက်သွားတာ၊ ကြက်ကြော်တွေလည်း စီနီယာ ထည့်ပေးလိုက်တာ"

I ADORE YOU. (COMPLETED)Where stories live. Discover now