Chapter-25

9.5K 1.6K 118
                                    

(Unicode)

ယနေ့ ကိုယ့်ဒုက္ခနှင့်ကိုယ် ကျောင်းကို အစောကြီးရောက်နေသော တမှူးတစ်ယောက် ယောင်ချာချာဖြင့် အခန်းထဲ ထိုင်နေရသည်။ ပုံမှန်အချိန်လာလျှင် စီနီယာက စောင့်နေမည်ဖြစ်၍ စီနီယာ မရောက်ခင်အချိန်လောက်ကို မှန်းကာ ကျောင်းလာခဲ့သည်။ အနေနီးလို့ စီနီယာ့အပေါ် စိတ်ယိုင်သည်ဟု ထင်မိသည်မို့ စီနီယာနှင့် ဝေးဝေးနေနိုင်ဖို့ကြိုးစားကြည့်ချင်မိသည်။ လူကထိုင်နေသော်လည်း အတွေးတို့က ယောက်ယက်ခတ်နေသည်။

စီနီယာက စောင့်နေကျနေရာမှာ စောင့်နေမည်မှာကျိန်းသေသည်။ ကျောင်းဝန်းတစ်ခုတည်းအတွင်း စီနီယာနှင့် မတွေ့အောင် တမှူးမည်သည့်အချိန်ထိ ပုန်းရှောင်နိုင်ပါမည်လဲ။

ဟိုရောက်သည်ရောက်အတွေးများနှင့် တုတ်တုတ်မလှုပ်ထိုင်နေမိရင်းဖြင့် နာရီစက္ကန့်တို့က တရွေ့ရွေ့ကုန်ဆုံးလာသည်။ အတန်းထဲသို့ ကျောင်းသားများက တစ်ယောက်စနှစ်ယောက်စဖြင့် ဝင်လာကြ၏။ ပုံမှန် တမှူးကျောင်းလာချိန်ပေါ့။ စီနီယာစောင့်နေလောက်ပြီဟူသောအတွေးက လူကို ဖင်တကြွကြွဖြစ်လာစေသည်။ ဆိုင်ကယ်ကို ရပ်နေကျနေရာမဟုတ်သည့် တခြားတစ်နေရာတွင်ရပ်ထားခဲ့သဖြင့် စီနီယာက တမှူးရောက်နေမှန်းသိမှာမဟုတ်။ စောင့်နေမှာပဲ။

ထိုစဥ် နယုန်နှင့် ဝသုန်က အခန်းထဲသို့ ရှေ့ဆင့်နောက်ဆင့်ဝင်လာသည်။

"ဟယ်...တမှူး နင်က ဒီမှာရောက်နေပြီလား ၊ စီနီယာနေရင့်ရောင်က နင့်ကိုစောင့်နေတာမဟုတ်ဘူးလား"

ငိုချက်ရက် လက်တို့ပင်။

"မဟုတ်ပါဘူး ၊ တခြားတစ်ခုခုကို စောင့်နေတာနေမှာ"

တဖြည်းဖြည်းကျောင်းတက်ချိန်က နီးကပ်လာသည်။ ယခုအချိန်ထိ စီနီယာစောင့်နေလေဦးမလား။ ဥပေက္ခာပြုထားချင်မိသော်လည်း စိတ်က ဂဏာမငြိမ်။ ထိုစဥ် ဝင်လာသော ဖုန်းကောလ်လေးတစ်ခု။

ဖုန်းကိုယ်စီသုံးနေသော နယုန်တို့ မကြားအောင် တစ်ဖက်သို့လှည့်ကာ အသံတိုးတိုးဖြင့်ထူးလိုက်သည်။

"ဟဲလို စီနီယာ"

"ကောင်လေး ကျောင်းမလာဘူးလား ၊ နောက်ကျနေပြီ"

I ADORE YOU. (COMPLETED)Where stories live. Discover now