Chapter-20

10.5K 1.6K 110
                                    

(Unicode)

"မနက်ကျရင် ကိုယ်လာခေါ်မယ်နော်"

"ဟုတ်"

လက်ထဲမှ အချိုရည်နှင့် မုန့်ထုပ်များကို ကားနောက်ခန်းထဲထည့်ရင်း တမှူး ပြန်ဖြေလိုက်သည်။ တော်သေးတာပေါ့။ စီနီယာ့ကားနဲ့ အကြိုအပို့တွေလိုက်လုပ်ပေးနေလို့။ တမှူးဘာသာဆိုလျှင် ဆိုင်ကယ်နဲ့ နှစ်ပါးသွားရမည်ပင်။ အိမ်၌ တစ်စီးတည်းရှိသောကားလေးက ဖေဖေအလုပ်သွားတိုင်းသုံးနေရသဖြင့် တမှူး တော်ရုံယူမသုံးဖြစ်။

ပထမ ထမင်းဘူးသာ လှူရန်တွေးထားခဲ့သော်လည်း အကုန်လုံးငွေရှင်းပြီးချိန်တွင် ဖေဖေထုတ်ပေးထားသည့် ပိုက်ဆံကပိုနေသေးသည့်အတွက် အအေးဘူးများပါထည့်ဖို့အတွေးရသည်။ ထို့ကြောင့် မနက်ဖြန်လို ရက်ကပ်နေမှ စီနီယာ့ထံ အသည်းအသန်အကူအညီတောင်း၍ ပိုသမျှပိုက်ဆံကို အအေးဘူးဝယ်လိုက်သည်။ အကုန်လုံးအတွက်မလောက်ငတောင် ရသလောက်ပေါ့။

"တစ်ခုခုသွားစားဦးမလား ကောင်လေး"

အအေးဘူးများကို ကားထဲထည့်ပြီး စီနီယာက မေးလာသည်။

"သွားစားမယ်လေ၊ စီနီယာလည်း ဗိုက်ဆာနေရောပေါ့၊ ကျွန်တော်ဝယ်ကျွေးမယ်"

"Pre-birthday treatလား"

"အင်း...ဆိုပါတော့၊ မနက်ဖြန်လည်း စီနီယာတို့ကို special treat ဦးမှာပါနော်"

"အဟေး...ညကျရင် ဝမ်းနှုတ်ဆေးသောက်ထားရမယ်"

"သောက်ထား...တစ်ပုလင်းလောက်သောက်ထား"

"ဟား...ဟား"

ထို့နောက် စီနီယာကပဲဦးဆောင်ကာ စားသောက်ဆိုင်တစ်ဆိုင်သို့ခေါ်သွားပေးသည်။ စီနီယာက တကယ်ပဲ ဆိုင်ကောင်းရွေးတတ်သည်။ ယခုဆိုင်လေးသည်လည်း တကယ်ကို အပြင်အဆင်လှပသည့်ဆိုင်လေးပင်။ စီနီယာ့ကောင်မလေးသာဖြစ်လျှင် ဆိုင်ကောင်းကောင်းတွေချည်းပဲ ခေါ်သွားခံရမှာ။

ဆိုင်လေးထဲသို့ရောက်တော့ ထုံစံအတိုင်း စီနီယာက တမှူးထိုင်ဖို့ ခုံအသင့်ပြင်ပေးသည်။ ရနေကျ ဂရုစိုက်မှုမို့ တမှူး ထူးပြီးမခံစားဖြစ်တော့ပါ။ ဟိုးအရင်တုန်းကတော့ စီနီယာက တမှူးtype မဟုတ်ဘူးဟု တွေးခဲ့ဖူးသည်။ ယခုတော့ Jayy ကို စီနီယာ့လို ပုံစံမျိုးဖြစ်စေချင်သည်ဟူသည့်အတွေးပင် မကြာခဏဆိုသလိုဝင်မိသည်။

I ADORE YOU. (COMPLETED)Where stories live. Discover now