Chapter-14

10K 1.6K 197
                                    

(Unicode)

"ကောင်လေး...ဒီကျောင်းပိတ်ရက်အားလား၊ ကိုယ်ဟော့ပေါ့ နှစ်ယောက်စာ အဝစား Promotion card ရထားတယ်၊ အဲ့ဒါကောင်လေးလိုက်မလား"

တမှူး မျက်လုံးတို့ အရောင်တောက်သွားသည်။ အရင်ပတ်က ဗီနိုင်းဖိုးတွေကြောင့် တမှူးတစ်ယောက် ဟော့ပေါ့မပြောနှင့် ခေါက်ဆွဲပြုတ်တောင် မသောက်နိုင်သည့်အခြေအနေတွင်ရှိနေသည်။ ဒီလိုအခြေအနေမှာ ယခုလို မေးလာသည့် စီနီယာက တကယ့် ကယ်တင်ရှင်ကြီးပင်။ ချက်ချင်းလိုလိုနှစ်ခါမစဥ်းစားဘဲ တမှူး ခေါင်းညိတ်လိုက်သည်။ စီနီယာနှင့်လည်း အပြင်တစ်ခါမှအတူမသွားဖူး၍ သွားချင်တာလည်းပါသည်။

"ရုပ်ရှင်ပါကြည့်ကြမယ်လေ၊ ကိုယ်လိုက်ပြမယ်"

တမှူး မျက်လုံးတို့ ထပ်မံ၍ ဘလင်း ဘလင်းဖြစ်သွားသည်။ စီနီယာကြီးက သဘောကောင်းလိုက်တာ။

"ဝါး...စီနီယာ သဘောတွေကောင်းနေတယ်၊ မှန်မှန်ပြော ဘာတွေပျော်စရာရှိနေလို့လဲ"

"ဘာမှမရှိပါဘူးကွာ၊ ကိုယ်က ကောင်လေးနဲ့ အပြင်တွေဘာတွေမသွားဖူးလို့ တစ်ခေါက်လောက် သွားချင်လို့"

စီနီယာက တမှူးနဲ့ အတွေးတူနေသည်။ တမှူး ခေါင်းကို အဆက်မပြတ် ထပ်ညိတ်ရင်း

"ဟုတ်...အဟီး...ကျွန်တော်လည်း အခုရက်ပိုင်း ဘိုင်ပြတ်နေတာနဲ့ အတော်ပဲ၊ ရှဲရှဲနိပါ စီနီယာ"

စီနီယာက ထုံးစံအတိုင်း ခပ်ပြုံးပြုံးသာ။

***

တမှူး မြင်မြင်သမျှ မြင်ကွင်းကြောင့် နှာခေါင်းရှုံ့မိသည်။ ဆိုင်တိုင်းက couple အင်္ကျီပဲ ရောင်းဖို့ရှိကြသလားမသိ။ တစ်ချို့ဆိုင်တွေဆို ဘာတဲ့...။ Valentines day အကြို ပရိုမိုးရှင်းမို့ စုံတွဲတွေလာဝယ်ရင် 10 % discount တဲ့။ Single လေးတွေကျတော့ မရဘူးပေါ့လေ။ လမ်းတစ်လျှောက် ထိုဆိုင်မျိုးတိုင်း ​ရှေ့တွင် စုံတွဲတွေစည်ကားနေကြသည်။ တချို့ဆိုလျှင် ယခုကတည်းက ဆင်တူတွေဝတ်ထားနေကြပြီ။

ဖေဖော်ဝါရီ ၁၄ ဆိုသည်မှာ တမှူးနှင့် မည်သည့်အခါမှ မသက်ဆိုင်ခဲ့ဖူးသော နေ့စွဲတစ်ခု။ ပြုံးပြုံးပျော်ပျော်စုံတွဲတွေကို မြင်တော့ Jayy ကို သတိရသည်။ Jayy နှင့် ချစ်သူဖြစ်လျှင်တော့ Jayy လက်ကိုတွဲ၍ ဆိုင်တိုင်းကို လျှောက်ပတ်ပစ်မည်။ ယခုလောလောဆယ်တော့ တမှူးဘေးမှာ စီနီယာသာရှိသည်။

I ADORE YOU. (COMPLETED)Where stories live. Discover now