Chapter-11

10.9K 1.7K 164
                                    

(Unicode)

'Jayy လိုင်းပေါ်မှာရှိလားခင်ဗျ'

တမှူး စာလေးကို ပို့ပြီးမှ ပြန်ကြည့်ပြီး ပြုံးမိသွား၏။ Jayy က active now ဖျောက်ထားသည်မို့ Jayy လိုင်းပေါ်မှာ ရှိမရှိက ထိုကဲ့သို့ မေးမှရမည်လေ။ အချိန်အားဖြင့် တစ်ပတ်ကျော်လွန်လာပြီးသည့်နောက် ယခုဆိုလျှင် Jayy နှင့် ညတိုင်းလိုလိုစကားပြောဖြစ်ခဲ့ပြီး တမှူးဘက်မှ Jayy ကို အချိန်မရွေးစကားသွားပြော၍ ရသည်အထိ တမှူးနှင့် Jayy အကြားဆက်ဆံရေးက တိုးတက်လာသည်။ ညတိုင်းထွေရာလေးပါးပြောရင်း နှစ်ယောက်လုံးအတူကြည့်ဖူးသော ဇာတ်ကားများအကြောင်းဆွေးနွေးသည်။ သီချင်းများအကြောင်းဆွေးနွေးသည်။ ထို့ပြင် wattpad မှ fiction များအကြောင်းလည်းဆွေးနွေးဖြစ်သည်။

'ရှိပါတယ် ခင်ဗျ'

ရောင်းသူဝယ်သူ အသံတူစွာ Jayy ဖြေလာတော့ တမှူး ရယ်မိရပြန်သည်။ Jayy ဆိုတာနှင့် တမှူးစိတ်က အလိုလိုမြူးထူးကာ ပြုံးနေမိခြင်းပင်။

'Jayy အားရဲ့လား'

'ယုန်ပေါက်တစ်ကောင် လာမရှုပ်မချင်း ကျွန်တော်မျိုးက အမြဲ အားယားနေတာပါခင်ဗျ'

အား...Jayy ရေ။ ဘာလို့ အဲ့လောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ။ တမှူး ပါးစပ်တွေလုံးဝစိလို့မရတော့ပေ။

'အဟီး ကျွန်တော် မေးစရာရှိလို့၊ Jayy ဒီ fic ဖတ်ပြီးသွားပြီလားဟင်၊ ကောင်းတယ်လို့ အများကပြောကြတယ်၊ ဒါပေမယ့် SE လို့လည်းပြောသံကြားလို့ ကျွန်တော် မဖတ်ရဲ ဖြစ်နေတာ'

Link လေးနှင့် တွဲပို့လိုက်တော့ Jayy က တန်းကြည့်သည်။ နယုန်တို့ကိုမေးလည်း ရနိုင်ပေမယ့် တမင် Jayy နှင့် စကားပြောချင်၍ Jayy အားလာမေးခြင်းပါ။ Crush နှင့်နီးစပ်ဖို့ တမှူးတို့ ရေကုန်ရေခန်းကြိုးစားနေပါသည်။

'အင်း ဖတ်ပြီးသွားပြီ၊ အတော်လေးကောင်းတယ် ယုန်ပေါက်ရဲ့၊ ဖတ်ကြည့်ပါ'

'တကယ် SE လား'

'အင်း...SE လားဆိုတော့... ကိုယ်မပြောဘူး၊ ယုန်ပေါက် ကိုယ့်ဘာကိုယ် ဖတ်ကြည့်၊ တကယ်ကောင်းတာမိုလို့ ဖတ်ကြည့် ၊ ရသဇာတ်လမ်း ဖတ်မှတော့ ငိုတဲ့ ရသလေးလည်း ပါမှပြည့်စုံမှာပေါ့ ယုန်ပေါက်ရဲ့'

I ADORE YOU. (COMPLETED)Where stories live. Discover now