Chapter-43(The End)

27.3K 2.1K 492
                                    

(Unicode)

ခြံထဲရှိ ဒန်းပေါ်တွင် မှီထိုင်းရင်း တမှူး မျက်ဝန်းတို့အား ​မှေးမှိတ်ထားသည်။ နှစ်ရက်ရှိပြီဖြစ်သည်။ စီနီယာ့ထံ ဖုန်းမဆက်ဘဲ စက်ပိတ်ထားတာ။ မနက် ၈ နာရီတွင် တွေ့ရန်ချိန်းထားပြီး နေ့လည် ၁၁ နာရီမှ အလုပ်တွေရှုပ်နေ၍ မလာနိုင်တော့ကြောင်း ဖုန်းဆက်သည့် ချစ်သူကို သည်လောက်တော့ တမှူး စိတ်ကောက်ခွင့်ရှိသည်မဟုတ်လား။

နာနာကျင်ကျင်ပြုံးမိသည်။ တမှူး စိတ်ကောက်သည်မကောက်သည်က စီနီယာ့အတွက် အရေးမပါဘူးနှင့်တူသည်။ တကယ်ဆိုလျှင် ဖုန်းခေါ်၍ မရတောင် လူကိုယ်တိုင်လာ၍ ရှင်းပြတောင်းပန်သင့်သည် မဟုတ်လား။ ယခုက တမှူး ဖုန်းစက်ပိတ်ထားမှန်းတောင် စီနီယာ သိပါ့မလား။

တီး...တောင်...။

ခြံတံခါးဘဲလ်တီးသံကြောင့် တမှူး ခန္ဓာကိုယ် ဆတ်ခနဲ ဖြစ်သွား၏။ အိမ်၌ မေမေတို့လည်း မရှိသည်မို့ တံခါးဖွင့်ဖို့ ပြေးသွားလိုက်သည်။

"စီနီယာ"

လှိုက်ခနဲ ဝမ်းသာသွားသော်လည်း ချွတ်ခြုံကျနေသော စီနီယာပုံစံကြောင့် ရင်ထဲစိုးရိမ်စိတ်တို့ ရိုက်ခတ်သွားသည်။
စိတ်ကောက်နေမိခြင်းကို မေ့ကာ ခြံတံခါးကို အလျင်အမြန်ဖွင့်လိုက်မိသည်။ တံခါးဖွင့်ပြီး,ပြီးချင်း စီနီယာက တမှူးကို တင်းကြပ်စွာ ပွေ့ဖက်ကာ ပုခုံးပေါ်ကို ခေါင်းငိုက်စိုက်ကျလာသည်။

"ကိုယ် မခံစားနိုင်တော့ဘူး ကောင်လေးရယ်"တဲ့။

ထို့နောက် တစ်ကိုယ်လုံး တုန်ယင်သည်အထိ ရှိုက်ငိုသော စီနီယာ။ တမှူး ခေတ္တကြောင်,အသွားပြီးမှ ဘာဖြစ်သလဲ မေးဖို့ထက် စီနီယာ့ကျောကိုသာ အရင်ပွတ်သပ်ပေးလိုက်မိသည်။ ဘာကြောင့်ငိုသလဲ မသိသော်လည်း စီနီယာ့မျက်ရည်များက တမှူးကို နာကျင်စေသည်။

ခြံတံခါးဝတွင်ပင် အချိန်အတန်ကြာသည်ထိ စီနီယာက တမှူးကို တင်းကြပ်စွာဖက်ထားသည်။ တထွေထွေကျနေသော မျက်ရည်များက တမှူး ပခုံးတစ်ခုလုံးအား ရွှဲရွှဲစိုနေစေပြီဖြစ်သည်။

"စီနီယာ၊ ခြံတံခါးဝကြီးမှာ အိမ်ထဲသွားရအောင်နော်"

စီနီယာက မငြင်းဘဲ တမှူးဆွဲခေါ်ရာနောက်သို့ လိုက်လာသည်။ ဧည့်ခန်းသို့ရောက်ချိန် စီနီယာက ငူငူငိုင်ငိုင် ထိုင်ကာ ငြိမ်သက်နေသည်မို့ ဘေးတွင် ဝင်ထိုင်ရင်းမှ စီနီယာ့ဘက်မျက်နှာမူ၍ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပေးလိုက်မိသည်။

I ADORE YOU. (COMPLETED)Where stories live. Discover now