Chapter-34

9.5K 1.4K 151
                                    

(Unicode)

အတိတ်အချို့ကို လည်ပြန်ကြည့်သော်....။

2019 ခုနှစ်၊ အောက်တိုဘာ။

ပြတင်းပေါက်မှ ​လ၏အလင်းရောင်သည် အခန်းလေးအတွင်းဖြာကျနေသည်။ မီးမထွန်းထားသော အခန်းလေးသည် လရောင်ဖြင့်ပင် လင်းကျင်းလျက်။ တိတ်ဆိတ်ငြိမ်သက်နေသော အခန်းလေးအတွင်းဝယ် ကီးဘုတ်စာရိုက်သံ တချောက်ချောက်က ခပ်မှန်မှန်ထွက်ပေါ်နေသည်။ Laptop ၏ ပင်ကိုယ်အလင်းရောင်ကြောင့် စာရိုက်နေသောသူအတွက် ပြင်ပအလင်းရောင်မလိုအပ်ခဲ့။

အတန်ကြာတော့ သူစာရိုက်ရတာ ညောင်းလာဟန်တူသည်။ လက်နှစ်ဖက်ကို မြှောက်လျက် ခါးကြောကို ဆန့်တန်းလိုက်သည်။ ဇက်ကို ဘယ်ပြန်ညာပြန်ချိုးရင်း မျက်ခုံးစပ်များကြားကို နှိပ်လိုက်သည်။ ထို့နောက် ထိုင်ခုံအနောက်သို့ ခေါင်းလှန်ထိုင်ရင်း မျက်လုံးတို့ကိုမှေးမှိတ်မိသည်။

"ညီညီ"

အခန်းဝမှ ခေါ်သံကြောင့် ခေါင်းကို ဆတ်ခနဲထောင်ကာ ကိုယ်ကိုမတ်လိုက်သည်။

"ကိုကိုဝင်ခဲ့လေ"

ကိုကိုက အခန်းထဲလျှောက်ဝင်လာရင်း အခန်းမီးခလုတ်ကို တစ်ခါတည်းဖွင့်လာသည်။

"မီးမဖွင့်ဘဲ စာမရေးနဲ့လို ကိုကို ခဏခဏမှာနေတာကို ညီညီ ၊ ပြီးရင် မျက်မှန်လည်း ပုံမှန်တပ်တာမဟုတ်ဘူး"

ကိုကို့၏ ဗျစ်တောက်ဗျစ်တောက် စကားသံများကြောင့် သူပြုံးလိုက်မိသည်။ ကိုကိုဟာ သူ့၏ တစ်ဦးတည်းသောအမွှာညီငယ်လရိပ်ရောင်နှင့် နှစ်နှစ်ငယ်သော ညီမငယ်ငွေကြယ်ရောင်တို့ကို အရိပ်တကြည့်ကြည့်စောင့်ရှောက်သည်။ ဂရုစိုက်သည်။ မေတ္တာပေးသည်။

အစ်ကိုကြီး အဖအရာတဲ့။ မိမိနဲ့ မိနစ်ပိုင်းမျှသာကွာသော လူတစ်ယောက်က အဖအရာအနေနဲ့ မိမိတို့ကို စောင့်ရှောက်နိုင်ပါမည်တဲ့လား။ သို့သော် ထိုအတွက် အဖြေကို လရိပ်ရောင် နှုတ်မှဖြေရန်မလိုပါ။ ဖေဖေမရှိတော့သည့် သုံးနှစ်အတွင်းကာလတို့သည် အဖြေဖြစ်ခဲ့လေပြီ။ မောင်နှမသုံးယောက်အနက် ရောဂါသည် ညီနဲ့ညီမအတွက် ကိုကိုက အဖနေရာထက်ပို၍ သာလွန်စွာနေရာယူပေးခဲ့ပါသည်။

I ADORE YOU. (COMPLETED)Where stories live. Discover now