Part 1

22.5K 1.1K 62
                                    

ဂန္တဝင်၌ တွယ်ငြိခြင်း
အပိုင်း ၁

သက္ကရာဇ် ၈၉၉
ဟံသာဝတီ မွန်တို့ ဌာနေ

"ခံတပ်ကျိုးပေါက်သွားပြီ
တောင်ငူသားတို့ ကျူးကျော်လာပြီ
ပြေးကြဟေ့ ... ပြေးကြ !"

"ဟံသာဝတီပျက်ပြီ ဟေ့
ဟံသာဝတီသားတ်ု့ပြေးကြလော့ "

ဟံသာဝတီ ကို မင်းတရားရွှေထီး တို့ သိမ်းပိုက်ခဲ့လေပြီ

ပထမမြန်မာပြည် ကို စတင်တည်ထောင်ကတည်း က အင်အားကြီး ခဲ့လေ သော မွန် ၃ ရပ်ထဲမှ တစ်ရပ်သည်
မြန်မာတို့ လက်အောက်သို့ ကျရောက်ခဲ့လေပြီ။

ဟံသာဝတီ သည်
မွန် ၃ ရပ်ထဲမှ အင်အားကြီး တစ်ရပ်ဖြစ်သောကြောင့် သိမ်းပိုက်ရာတွင်ကား
မင်းတရား ကြီးနှင့် ကျော်ထင်အနော်ရထာတို့သည် သုံးကြိမ် တိုင်တိုင် လုပ်ကြံခဲ့ရလေသည် ။
နောက်ဆုံး ယခု တတိယ အကြိမ်မှသာ မြို့ကို အသာစီးရလေသည် ။
သို့သော်
ဟံသာဝတီ ထီးနန်း ကို ရလိုက်သော်လည်း ဟံသာဝတီဘုရင်ကို ကား လက်ရ ဖမ်းဆီးရမိခြင်းမရှိခဲ့ ။

ထို့အပြင် ယခု တတိယ အကြိမ်မြောက် ဟံသာဝတီတိုက်ပွဲ သည် နှစ်ဦးနှစ်ဖက်အကျအရှုံးများ ကာ စစ်ကာလမှာလည်း ၇ လနီးပါး ကြာရှည်သောကြောင့်

ဟံသာဝတီ ခံတပ် ကျိုးပေါက်သွားသည်နှင့် တောင်ငူသားတို့သည် ဒေါသကြီးစွာ ဖြင့် မြို့ကို ဖျက်စီးခြင်းများ ပြုလုပ်ကြလေသည်မှာ
ဝေသာလီပြည် ဘီလူးစီး သကဲ့သ်ို့ နေရာအနှံ့ အုန်းအုန်းကျွတ်ကျွတ်ဖြစ်နေလေသည် ။

တောင်ဘက်တံခါးနားမှ စပါးကျီ ကြီး မီးလောင်ကျွမ်းနေသော်လည်း ငြိမ်းသက်မည့်သူမရှိ ။
မြောက်ဘက်တံခါးတွင်ကား ပန်းဘဲဖိုကြီး မှာ လူသေအလောင်းများနှင့်ပြည့်နက်လျက်ရှိလေသည် ။

ယခင် က စည်ကားခဲ့သော ဟံသာဝတီနန်းတော် ကြော့ရှင်းလှပခဲ့သော ရွှေအတိနန်းတော်အတွင်း၌ကား ဓားသံ လှံသံ သွေးနံ့များဖြင့်အတ်ိ ။

တပ်မှုး ရာဟုသင်္ဂကား
ရန်သူများ ၏ ဓားချက်ကို ရှောင်ရှားတုံ့ပြန်တိုက်ခိုက်ရင်း မိမိ တပ်ဖွဲ့က်ိုလည်း အမိန့်ပေးရန်မမေ့

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now