ep 1 ⛄

15.7K 729 35
                                    

#Unicode

ဒီဇင်ဘာလရဲ့အအေးဒဏ်ကအရှိန်ပြင်းစွာဝင်ရောက်လျှက်။ဘူဆန်မြို့ရှိမြို့စွန်တစ်နေရာတွင်ရှိသော လိမ္မော်ခြံ စပျစ်ခြံ စတော်ဘယ်ရီခြံကြီးတွေရှိရာမှာတော့ အလုပ်သမားများသည်အအေးဒဏ်ကိုအံတုကာ
အသီးခူးခြင်းကိုသာအာရုံစိုက်ထားကြသည်။မနက်၈နာရီရှိနေပေမယ့် နေရောင်မမြင်ရသေးပေ။အနွေးထည်ထူထူ ခပ်နွမ်းနွမ်းလေးကိုဝတ်ဆင်ထားသော13နှစ်အရွယ်ကောင်လေးကတော့
သူတာဝန်ယူထားသောခြင်းများတွင်
လိမ္မော်သီးများပြည့်ဖို့ကိုသာအာရုံစိုက်ပြီးခူးနေလေသည်။သူဒါကိုအမြန်ပြည့်မှသာအမေ့အတွက်ဆေးယူသွားပေးရမှာဖြစ်သောကြောင့်ပင်။

"သားလေး မနက်စာစားကြရအောင်"

"အဖေပြန်လာပြီလား"

ဂျောင်ဂုကိုလှမ်းခေါ်ကာပြုံးပြနေသော
အဖေ့အပြုံးများသည်ပြုံးနေပေမယ့်မတောက်ပပါ။ထိုအပြုံးများထဲတွင်
စိတ်မကောင်းခြင်းဝမ်းနည်ခြင်း
အားနာခြင်းများရောယှက်နေသောကြောင့်ပင်။ဂျောင်ဂုကတော့သူအဆင်ပြေပါတယ်ဆိုတာပေါ်လွင်သောအပြုံးများဖြင့်ပါးချိုင့်လေးပေါ်လာသည်အထိပြုံးပြလိုက်သည်။မနက်စာကတော့သူတို့သားဖအတွက် ထမင်းလိတ်နှင့်ရေတစ်ဘူးသာဖြစ်သည်။

"သားလေးခူးပြီးရင်ပြန်တော့နော် ဒီမှာအမေ့အတွက်ဆေးယူသွား"

"ဟုတ် သားခူးတာပြီးတော့မှာပါ အဖေပိုက်ဆံလိုရင်ပြောနော်သားအခုရမယ့်ပိုက်ဆံကစာအုပ်ဝယ်ပြီးရင်ပိုသေးတယ်"

"သားလိုတာသုံးဖို့ပဲသိမ်းထားပါ အဖေနဲ့အမေကသားအတွက်စိတ်မကောင်းဖြစ်နေတာငါ့သားကစာတော်ရဲ့သားနဲ့အဖေတို့က ပံ့ပိုးမပေးနိုင်လို့အားနာရပါတယ်ကွာ"

"အဖေတို့ကလဲ စိတ်မကောင်းမဖြစ်ပါနဲ့မရှိအတူရှိအတူနေတာကမိသားစုပဲလေ သားကအကုန်အဆင်ပြေတယ်
အမေနေကောင်းလာဖို့ပဲအရေးကြီးပါတယ်"

ဂျောင်ဂုသိတက်စအရွယ်ထဲကဒီခြံကြီးထဲမှာပဲကြီးပြင်းလာခဲ့သည်။အဖေကခြံကြီးထဲမှထွက်သမျှအသီးအနှံများကို ဆိုလ်းသို့ကားမောင်းပို့ပေးရသောကားမောင်းသမားတစ်ယောက်ဖြစ်သည်။
အမေကတော့ခြံကြီးထဲမှာအသီးခူးပေါင်းနှုပ်အလုပ်လုပ်သည်။အခုကဆောင်းရာသီဖြစ်သောကြောင့်အမေ့ရဲ့ရင်ကြပ်ရောဂါက အအေးဒဏ်ကိုမခံနိုင်ပေ။အသက်ရှုပါကြပ်လာပြီးဆေးရုံတက်လိုက်ရကာ အိမ်မှာဆေးသောက်ရင်းသာနားနေရသည်။ဆေးရုံတက်လိုက်ရလို့ခြံပိုင်ရှင်ဆီမှ ကြိုငွေယူထားရကာအကြွေးတင်နေသည်။ဂျောင်ဂုကလိုအပ်တဲ့စာအုပ်ဝယ်ဖို့ကျောင်းပိတ်ရက်မှာအသီးခူးနေခြင်းဖြစ်သည်။အိမ်မှာလဲအမေကနေမကောင်း အဖေ့ကိုကြည့်လိုက်တော့လဲ
ထမင်းလိတ်ကိုသူကတစ်လိတ်သာစားပြီးဂျောင်ဂုကိုနှစ်လိတ်ပေးကာ ရေနဲ့မျှောချနေသည်။ဂျောင်ဂုလဲ ထမင်းလိတ်ကိုတစ်ဝက်ခွဲကာ သူ့အဖေကိုပြုံးပြီးပေးလိုက်ကာ ကျန်သောရေကို
သားဖနှစ်ယောက်တစ်ယောက်တစ်ဝက်မျှသောက်ကာရယ်နေကြသည်။လောကဓံကိုခံနေရသောဂျောင်ဂုအဖို့စာကိုအလွန်ကြိုးစားသည်။ကြိုးစားသမျှတစ်နေ့အကောင်အထည်ဖော်နိုင်ရမည်လို့လဲယုံကြည်ထားသည်။အဖေနဲ့အမေကိုသက်သက်သာသာအေးဆေးနေနိုင်အောင်ကြိုးစားရမည်ဖြစ်သည်။

Be Happy  √ Completed √Where stories live. Discover now