ep 1

27.9K 1.3K 75
                                    

#Unicode
ဂျောင်ဂုတို့မြေးဖွားသုံးယောက်ညနေdinnerဖိတ်ထားသောကြောင့်သွားမလို့ပြင်နေကြသည်။စားမှာသောက်မှာထက်သားရေးသမီးရေးကိုဦးစားပေးဆွေးနွေးကြမှာဖြစ်သည်။Jeon groupနဲ့Kim groupတို့ရဲ့ရင်းနှီးလာမှု့ကနှစ်ချီနေခဲ့ပြီ။တစ်ဦးအကျိုးတစ်ဦးလိုလားကာလိုအပ်သည်များကိုကူညီကြရင်းနေလာကြသည်။kimမိသားစုရဲ့မြေးမတွေနဲ့လည်း
ဂျောင်ဂုကသူငယ်ချင်းကျောင်းနေဖက်တွေဖြစ်ကြသည်။

"အဖွားရာ မီဆိုနဲ့ရေချယ်လ်ကိုသားကဘာလို့တွေ့ကြည့်ရမှာလဲ သူငယ်ချင်းတွေလေ ရေချယ်လ်မှာလည်းဘဲနဲ့"

"အဲ့ဒါဆို မီဆိုလေးရှိသေးတာဘဲသားရယ်"

"အဖွားမသိဘူးနော် သားတို့ကအမြဲသတ်နေကြ ဘယ်လိုမှစဉ်းစားလို့မရဘူးပြီးတော့သူတို့လဲသားလိုဘဲနေမှာပါ"

ဂျောင်ဂုမှာနေ့စဉ်ရက်ဆက်ရှင်းပြနေတာအကြိမ်ကြိမ် ဒါကိုလဲလက်မခံကြဘဲအခုလိုညစာစားပွဲတွေစီစဉ်ကာသွားကြမှာဖြစ်သည်။ဟိုရောက်ရင် ဟိုနှစ်ကောင်ကဝိုင်းဟားတော့မှာမြင်ယောင်နေတယ်။ ကိုကိုခေါ်လိုက်မောင်မောင်ခေါ်လိုက် အဖွားတို့ကတကယ်တွေထင်ပြီးဘယ်သူ့ရွေးမှာလဲနဲ့။အိမ်ရောက်ရင်ဖုန်းဆက်ပြီးနင့်ကို ကိုကိုခေါ်နေတဲ့အချိန်ငါတို့မှာအူနာပြီးသေတော့မယ်ထင်နေတာကပြောသေး။ငယ်ပေါင်းကြီးဖော်ဆိုတာဒါမျိုးကိုပြောတာ။ငယ်ငယ်လေးထဲကအတူတူပေါင်းသင်းလာခဲ့သမျှကြီးရင်ဖော်တဲ့သူငယ်ချင်းကောင်းလေးတွေကို
ဂျောင်ဂုကျေးဇူးတင်ရပါသည်တကယ်။

"ဂျောင်ဂု ဟိုရောက်ရင်သတ်မနေနဲ့နော်
ဘယ်နှယ့် လုပ်ငန်းတစ်ခုကိုဦးဆောင်နေတဲ့သူက တည်တည်ကြည်ကြည်နေ"

အဘိုးကသတင်းစာကြည့်ရင်းပြောလာတော့ ဂျောင်ဂုဟန်ပါပါမဲ့လိုက်မိသည်။

"အဘိုးရာ.... အဲ့အိမ်ကသူစိမ်းအိမ်လားတကယ်ထဲငယ်ငယ်ထဲကသိလာတဲ့အိမ်ကို"

"နင့်ကို နင့်မိဘတွေပြန်ခေါ်တုန်းကငါထည့်ပေးလိုက်ရမှာ လူဆိုးကောင်"

အဖွားပြောလာတဲ့ စကားကိုလည်း
ပြန်ချေပလိုက်ပြန်တာပဲ။
ကျွန်တော်က အဘိုးနဲ့အဘွားအပေါ်တော့ချစ်ရက်နဲ့ပဲအနိုင်ယူနေကြ။

 Simplicity of love √Completed √Where stories live. Discover now