Arc1

13.1K 903 17
                                    

Chapter 1.1 – Never in his life had he seen such a stupid person

စုယွီရဲ့အသက်၂၀မပြည့်ခင်အထိ ဘဝကို
တစ်လုံးတည်းနဲ့ဘဲ ဖော်ပြရမယ်ဆိုရင်:
အောင်မြင်မှု

သူ့ရဲ့မိသားစုကလဲ သူ့လိုဘဲ အာလုံးက
အားကျရတယ်၊စုယွီအမေက အနုပညာအသိုင်းအဝိုင်းမှာ နာမည်ကြီးမင်းသမီးတစ်ယောက်၊စုယွီအဖေကလဲ အနုပညာအသိုင်းအဝိုင်းမှာ ထိပ်တန်းဘဲ အဲ့ဒါကြောင့် စုယွီက
မွေးကတည်းက လူတိုင်းရဲ့အာရုံစိုက်ခြင်းကို ခံခဲ့ရတယ်။

ပြီးတော့ စုယွီကိုယ်တိုင်ကလဲ သူ့မိဘနဲ့
တခြားလူတွေကို စိတ်မပျက်စေခဲ့ဘူး
စုယွီဟာ အသက်သုံးနှစ်မှာ ကျောင်းစတက်ခဲ့ပြီး အသက်၇နှစ်မှာအလယ်တန်းကျောင်းစာတွေကို လိုက်နိုင်ခဲ့တယ် အသက်၁၃နှစ်မှာ
Master's degreeဘွဲ့ရခဲ့တယ်
အသက်၁၆နှစ်မှာ သူ့ကိုယ်ပိုင်studioကို
ထောင်နိုင်ခဲ့တယ် အသက်၁၈နှစ်မှာ
သူ့ကိုယ်ပိုင် ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့ပြီး
အသက်၂၀မှာ သူ့ရဲ့ကုမ္ပဏီက World's Top 500ထဲပါဝင်နိုင်ခဲ့တယ်

အခုချိန်မှာ စုယွီက ၆၆ထပ်ရုံးရဲ့အပေါ်ဆုံးထပ်မှာထိုင်ပြီး ပြတင်းပေါက်ကနေ မြို့ကိုကြ
ည့်နေတုန်း ရုတ်တရက်... သူ့ကိုသူတွေးလိုက်မိတယ် သူ့ဘဝကအရမ်းကိုပျင်းဖို့ကောင်းနေတယ်

"တကယ်လို့ မင်းအရမ်းကိုပျင်းနေတယ်ဆိုရင် ငါနဲ့ချိတ်ဆက်လိုက်ပါလား  မင်းသိမှာပါ ငါကultra-unequaled paragon world ကနေလာတာ ငါ့အမျိုးအစားက[ဇာတ်လိုက်ကောင်တွေရဲ့IQကို လိုက်ဖြည့်ပေးနေရတယ်]systemပါ yo!" အပြာရောင်အလင်းလုံးလေးက စုယွီနားကိုရောက်လာတယ်
"ငါမင်းကို ကမ္ဘာအသီးအသီးကိုခေါ်သွားနိုင်ပြီး အစားအစာမျိုးစုံ၊မတူညီတဲ့ဘဝပေါင်းစုံကို ခေါ်သွားပေးနိုင်တယ် အဓိကကတော့ အဲ့အရာတွေအကုန်လုံးကို အလကားလိုက်ပို့ပေးမှာနော်! မင်းဒါတောင်ရင်မခုန်ဘူးလို့တော့
မပြောနဲ့နော်"

စုယွီ အဲ့ထူးဆန်းတဲ့ဘောလုံးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်တယ် "အဲ့တော့"

"Host မင်းကဒီကမ္ဘာမှာ အခုလို အခြေအနေနဲ့ကြုံတွေ့ဖို့ အခွင့်အရေးရှိတဲ့ တစ်ဦးတည်းသောလူဘဲ........" စုယွီ မျက်နှာ ပုံစံပြောင်းသွားတာကိုကြည့်ပြီး ဘောလုံးလေးက တောင်းဆိုနေတဲ့ပုံလေး ပြောင်းလိုက်တယ်။

ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့်ပေးနေရတယ်Where stories live. Discover now