သူ့ခြေလှမ်းများမြေကြီး ကိုစတင်ထိတွေ့ချိန်မှာတော့ အမည်မဖော်တတ်သော ခံစားရသည့် အစိုင်အခဲများ ၀င်ကာလာသည်။ မရောက်တာကြာပြီးဖြစ်တဲ့ ငယ်ရပ်ဇာတိကို သူ လူမှန်သိတတ်စ လူလို့မိမိကိုယ်ကို သတ်မှတ်ပြီးပြီ မှပထမဦးဆုံးသော ပြန်လာခြင်းဖြစ်ပါသည်။
နေရာဒေသ ငယ်ဇာတိမြို့ကလေးကတော့ ဘာမှမပြောင်းလဲပါ။ ပြောင်းလဲသွားတာက သူနှင့်သူ၏ ဆိုးဖေါ်ဆိုးဖက် ငယ်သူငယ်ချင်းများပင် ဖြစ်တော့သည်။
မြို့ကလေးကတော့ သူကိုနွေးထွေးစွာ လက်ယက်ကြိုဆိုနေသည်။ မြို့ကလေးသည် သူကိုလွမ်းကြောင်း သတိရကြောင်းများ ပြောနေသည်။ သူကသာလျှင် မြို့ကလေးကို တမင်တကာမေ့ထားသည်ကိုတော့ သူသာလျှင်သိပေမည်။
ကြိုတင်တွက်ဆလို့မရသော် မထင်မှတ်ထားသည့် အကြောင်းရာများသည် သူ၏စိတ်များကို အများကြီးပြောင်းလဲစေခဲ့သည်။ သူတစ်ယောက်တည်းတော့ မဟုတ်ခဲ့ပါ၊ သူနှင့်အတူ သူ့၏အပေါင်းဖေါ်များ သည်လည်း ပြောင်းလဲစေခဲ့ပြီး။"ကိုလေး လာပြီ...ကိုလေး...ဒေါ်ကြီးမယ် ဒီမှာ ဒီမှာ"
ငယ်ငယ်ကတည်းက ရို့ကျို့စွာနေလာခဲ့သော် ဒေါ်ကြီးမေ ကတော့ ဘယ်လိုပဲသင်သင် မပြောင်းလဲ ခေါ်ခဲ့သော သူအား ယခုချိန်ထိလည်း ကိုလေးပင် ခေါ်နေတုံးပင် ဖြစ်သည်။ သူဒေါ်ကြီးမယ် အနားသို့ ပြုံးပြလျှက်သွားလိုက်သည်။
"ဒေါ်ကြီးမယ် နေကောင်းတယ်နော်"
"ကောင်းပါ့တော်ကောင်းပါ့ ဒေါ်ကြီးတို့ကသာ သတိရလွမ်းနေတာပါတော်၊ ဒေါ်ကြီးတို့ကိုတော့ ဖုတ်လေသည့် ငပိရှိလေတယ်လို့တောင် မထားတော့ အဟင့်...
YOU ARE READING
About a flower that is not a flower(Uni+Zawgyi)
Romanceပန်းမဟုတ်သောပန်းတစ်ပွင့်အကြောင်း