EPISODE 6(Uni+Zawgyi)

515 41 0
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း6)

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း6)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"အေး...ငါမင်းကိုတောင်းပန်တယ် မင်းကအခြောက်မဟုတ်ဘူးဆိုရင် ဘာလို့လက်သီးနဲ့မရွယ်ပဲ ခွက်ကိုဆွဲကိုင်ရတာလဲ၊ အဲဒါတော့သိချင်တယ်"

နှင်းဆီ စိုးရိမ်တကြီးညီညီငယ်ကိုကြည့်လိုက်ပါတော့သည်။ ညီညီငယ်အဖြေသည် သူမအတွက် လွန်စွာ အရေးကြီးသည်မဟုတ်လား.....

ညီညီငယ်အစ ပထမတွင် အထင်သေးစွာဆက်ဆံကြသော သူတို့ကိုစိတ်ထဲတွင် ဘာမှအငြိုးတေ မထားပဲ နေလာခဲ့သည်။ မိမိအား ပြောဆိုကြသည်ကို စိတ်တွင်းမှ မိမိဘဝပေးမကောင်းလို့ ဒီလိုဆက်ဆံနေရပါသည်။ မိမိပေါ်မှာသာ မူတည်သည်။ ကိုယ့်ကြောင့်တစ်ဘက်သား စိတ်ညစ်သွားမှာကို မလိုလားသော ညီညီငယ် တစ်ယောက် ယခုတော့ ထိုသည်းခံစိတ်များ ကုန်ခမ်းသွားတော့သည်။

အထူးသဖြင့် နန္ဒ၏ အထင်သေးသောအကြည့်များ၊ သူ့အားလူတစ်ယောက်လိုမမြင်ပဲ ရွံ့စရာကောင်းသည့် အကြည့်များကို နာကျင်လာတော့သည်။ ညီညီငယ်လည်း ပုထုဇဉ်လူသားပင်၊ စိတ်ရှိသည်။ ဒီတစ်ခါတော့ သည်းခံနိုင်သည့်အားလည်း ကုန်ဆုံးသွားတော့သည်။
ညီညီငယ် နန္ဒကို ညစ်ကျယ်ကျယ် ကြည့်လိုက်ကာ မဲ့ပြုံးဖြင့် နူတ်ခမ်းကို တစ်ဘက်တည်းပြုံးပြလိုက်ပြီး နန္ဒ၏ မျက်နာအနားသို့တိုးကပ်သွားလိုက်သည်။

နန္ဒမျက်လုံးပြူးကာ နောက်သို့နည်းနည်း ညိမ်းလိုက်သည်။
နှင်းဆီက မျက်လုံးအပြူးသာဖြင့် ကြည့်နေသည်။
တွယ်တာက အံ့သြကာ ချတော့မည်လား ဟုစိုးရိမ်စွာကြည့်သည်။
အောင်အောင်က ရယ်နေရမှ ရပ်သွားတော့သည်။
ညီညီငယ် နန္ဒအနားသို့ကပ်ကာ နှစ်ယောက်သားကြားနိုင်သည့်လေသံဖြင့်တိုးတိုးပြောလိုက်တော့သည်။

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now