EPISODE 11(Uni+Zawgyi)

450 32 0
                                    

ပန်းမဟုတ် သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း11)

ညီညီငယ် ရေချိုးဖို့ ရေချိုးခန်းထဲ၀င်လာပြီး ဆိုခဲ့လျှင်၊ နန္ဒက အခန်းတူသဖြင့် ညီညီငယ်သွားပြီးသည်နှင့် နောက်ကလိုက်လာသည်။ အောင်အောင်ကတော့ ညီညီငယ်ကိုခြောင်းနေကာ ညီညီငယ်ရေချိုးထွက်ပြီး ဆိုခဲ့လျှင် သူသည်လည်း ရေချိုးရန် ရေချိုးခန်းထဲသို့၀င်လိုက်လာတော့သည်။...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ညီညီငယ် ရေချိုးဖို့ ရေချိုးခန်းထဲ၀င်လာပြီး ဆိုခဲ့လျှင်၊ နန္ဒက အခန်းတူသဖြင့် ညီညီငယ်သွားပြီးသည်နှင့် နောက်ကလိုက်လာသည်။ အောင်အောင်ကတော့ ညီညီငယ်ကိုခြောင်းနေကာ ညီညီငယ်ရေချိုးထွက်ပြီး ဆိုခဲ့လျှင် သူသည်လည်း ရေချိုးရန် ရေချိုးခန်းထဲသို့၀င်လိုက်လာတော့သည်။ ထိုအခါမျိုးတွင်တော့ နန္ဒနှင့် အောင်အောင် ညီညီငယ် မသိအောင်ကြိတ်တိုက်နေကြပါတော့သည်။

"ဟေ့ကောင်မင်းမညစ်နဲ့"

"ဘာဆုိင်လဲ မင်းကညစ်တာ"

"သွား.. ဟိုဘက်ကန်သွားချိုး"

"မင်းသွားချိုးပါလာ၊ ငါဘာသာ ဘယ်နေရာချိုးချိုးမင်းအပူလား"

သူတို့နှစ်ယောက် တွန်းတိုက် တွတ်ထိုးနေသည်ကို မြင်သွားတော့ ညီညီငယ်မနေသာတော့။

"မင်းတို့ကောင်တွေက ဘာတွေမှန်းလဲမသိဘူး၊ ဒီလောက်ရေကန်ကြီး အကြီးကြီး နှစ်ခုနဲ့ နေရာတွေ အများကြီးရှိတာတောင်မှ ငါ့ရှေ့ဘက်ကလာပြီး နေရာလုပြနေတယ်၊ ဘာတွေဖြစ်နေကြတာလဲ"

"နန္ဒလုပ်တာ အဲဒါ"

"အံမယ်မင်းလုပ်ပြီးတော့"

"မင်းတို့တွေကြည့်ရတာ ကလေးတွေကြနေတာပဲ"

ထိုအခါကြတော့ နန္ဒနှင့်အောင်အောင် မျက်နာကြီးများမော့သွားကာ လူကြီးပုံဆံမျိူးလုပ်လိုက်သေးသည်။
ညီညီငယ်ခေါင်းပင်ခါလိုက်တော့သည်။ အတန်းထဲရောက်တော့ တွယ်တာ၊ နှင်းဆီ နှင့် ညီညီငယ်တို့ အတန်းလိုက်ထိုင်ခဲ့လျှင်တော့ အောင်အောင်ကတော့ ညီညီငယ်ဘေးမှာလာထိုင်သည်။ ထိုအခါမျိုးကြတော့ နန္ဒမပါလာတော့။ အဝေးကနေပြီးတော့ မကျေနပ်စွာ ကြည့်နေရပါသည်။ ဘာကိုမကျေနပ်ဖြစ်နေသည်ကို နန္ဒသာပင်သိလိမ့်မည်။

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now