EPISODE 16(Uni+Zawgyi)

595 42 4
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း 16)

သူတို့အားလုံးကို အံ့သြ ပျော်ရွှင်စရာ တစ်ခုပြမည်ဟုခေါ်လြာ့ပီးမှ ဒီလိုအကွက်ချချလုပ်သွားသော အောင်ခိုင် နှင့်နိုင်နိုင်ကို ပိုလို့တောင်ဒေါကန်မိတော့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူတို့အားလုံးကို အံ့သြ ပျော်ရွှင်စရာ တစ်ခုပြမည်ဟုခေါ်လြာ့ပီးမှ ဒီလိုအကွက်ချချလုပ်သွားသော အောင်ခိုင် နှင့်နိုင်နိုင်ကို ပိုလို့တောင်ဒေါကန်မိတော့သည်။

"ဒီလိုမင်းတို့အခြောက်လို့ပြောကြေး ဆိုရင် ငါလဲခြောက်နေတယ် ငါညီညီငယ်ကိုတစ်ကယ်ချစ်တာကွ"

နန္ဒမျက်ရည်များဖြစ်ရင်ဖွင့်တော့သည်။ ကျောင်းသားများ အားလုံးအံ့သြသွားကြတော့သည်။

"ကဲ ဝုိင်းဟားကြလေ ဝုိင်းပြောကြလေ၊ မင်းတို့က အခြောက် အခြောက်လို့ ပြောပြီး ရွံစရာကောင်းပါတယ် ဘာဖြစ်ပါတယ်လို့ပြောနေကြတဲ့ မင်းတို့ပါစပ်တွေခုတော့ ပိတ်နေကြပါလာကွ..ဟင်....မင်းတို့က တစ်ကယ်တော့ ပုဒ်ကိုယ်ရေးအရ မုန်းတီးပြီးလိုက်လုပ်နေကြတာပဲ၊

ကဲငါအခု လိင်တူနှစ်သက်တယ်ကွာ အခြောက်ကွာ ဘာဖြစ်သွားလဲ၊ ကဲပြောကြလေ ပြောကြစမ်းပါ၊

မင်းတို့ပြောစရာမရှိတော့ဘူးလာ၊ မင်းတို့သေနေကြပြီးလာ"

"ဟုတ်တယ် နန္ဒခြောက်နေသလို ငါလဲခြောက်နေတယ် ကဲဘာဖြစ်လဲ ပြောကြ "

"ဟင်"

အားလုံးအကြည့်များက အောင်အောင်ဆီသို့ရောက်သွားသည်။
"နန္ဒပြောတာအမှန်ဆုံးပဲ တစ်ကယ်တော့ မင်းတို့တွေက လူတစ်ဦးတစ်ယောက်ကို မုန်းတီးတာနဲ့ မင်းတို့စိတ်ဆွဲပြီးဖြစ်ပေါ်နေကြတာ၊ ကြည့်စမ်းမင်းတို့တွေကမှ ပိုပြီးလူမပီသတဲ့သူတွေက၊ အဖြူအမည်း ဝါဒဆွဲနေကြတဲ့ကောင်တွေ"

နန္ဒနှင့်အောင်အောင်ပေါက်ကွဲကြတော့ ကျန်သူများကတောင်ပန်ကြသည်။ ထိုနောက်တွင်တော့ အားလုံးသော သူများသည်စိတ်မကောင်းဖြစ်ကာသွားကြသည်။ သူတို့လုပ်ရက်အတွက် စိတ်မကောင်းဖြစ်သွားကြတော့သည်။ သူတို့တွေ လွန်သွားကြသည်ကိုတော့ နားလည်လိုက်ကြသည်။ နိူင်နိူင် နှင့်အောင်ခိုင်မှာတော့ ခေါင်းကြီးငုံ့ကာ လွန်စွာမှ စိတ်ထဲမကောင်းကြတော့၊ ပြန်စဉ်းစားကြည့်လိုက်တော့ သူတို့လုပ်ရပ်သည် လူသားမဆန်စွာ တစ်ပါးသူကို နှိမ်နေကြသည်မဟုတ်လား။ မိမိတို့ အနိုင်ရယူရေးနှင့် ပျော်ရွှင်ရေးသည် တစ်ဘက်သားအပေါ် နိုင်ထက်စီးနင်း လုပ်ခဲ့ကြသည်ကို သဘောပေါက်သွားကြတော့သည်။

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now