EPISODE 14(Uni+Zawgyi)

496 38 0
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း (အပိုင်း 14)

အခြေအနေတွေက ရုတ်တရက်ပြောင်းလဲသွားတော့ ညီညီငယ် နှင့်နန္ဒ အနေဝေးသွားသလို ဖြစ်သွားတော့သည်။ ကျောင်းကို ပြန်ရောက်တော့ နှင်းဆီတို့ မိန်းခလေးတွေကတော့ စိုးရိမ်စွာ စောင့်နေကြသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အခြေအနေတွေက ရုတ်တရက်ပြောင်းလဲသွားတော့ ညီညီငယ် နှင့်နန္ဒ အနေဝေးသွားသလို ဖြစ်သွားတော့သည်။ ကျောင်းကို ပြန်ရောက်တော့ နှင်းဆီတို့ မိန်းခလေးတွေကတော့ စိုးရိမ်စွာ စောင့်နေကြသည်။

ညီညီငယ် ကားပေါ်မှဆင်းဆင်းချင်း နှင်းဆီ သည် ညီညီငယ်ဆီပြေးလာသည်။

"ညီငယ် ဘာဖြစ်သွားသေးလဲ"

"အော်...နှင်းဆီ အင်းဘာမှမဖြစ်ခဲ့ပါဘူး အားလုံးအေးဆေးပါပဲ"

"အင်း..ဟယ် ငါကတော့ တညလုံး စိုးရီမ်ပြီး အိပ်တောင်မအိပ်နိုင်ဘူး ငါ့ကြောင့်လို့ တွေးပြီးစိတ်တောင်မကောင်းဘူး"

"အော် ဘာမှမဖြစ်ပါဘူး နှင်းဆီရယ် အားလုံးကောင်းပါတယ်၊ နင့်ကြောင့်လဲ မဟုတ်ပါဘူး"

ထိုအချိန်နန္ဒကားပေါ်မှဆင်းလာသည်ကို တွေ့လိုက်တော့ နှင်းဆီ နန္ဒကို ပြုံးပြလိုက်ပါသည်။

"နန္ဒ ကျေးဇူးတင်တယ်သိလား"

"ဟင်.."

"ညီညီငယ်ကို စောင့်ရှောက်ပေးလို့ပါ၊ နင်သာမလိုက်သွားရင်လေ ညီညီငယ်တစ်ယောက်တည်းဖြစ်နေမှာ"

"အော်ရပါတယ် ငါ့ကြောင့်သာ ညီညီငယ် နှောင့်နှေးပြီးခုလိုဖြစ်သွားတာပါ၊ ငါသွားတော့မယ်နော်"
နန္ဒမျက်နာ တွင်ဖြစ်ပေါ်နေသော စိတ်မကောင်းမှု့တွေကို တွေ့ရတော့ နှင်းဆီပင် စိတ်ထဲတစ်မျိုးဖြစ်သွားသည်။

"နန္ဒဘာဖြစ်သွားတာလဲ မသိဘူးနော် မျက်နာလည်းမကောင်းဘူး"

"မသိဘူးလေ သူ့သွားမေးပေါ့"

ညီညီငယ်၏ အလိုမကျသော ဖြေသံကြောင့် နှင်းဆီ ညီညီငယ်ကို နာမလည်စွာကြည့်လိုက်သည်။

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now