EPISODE 4(Uni+Zawgyi)

532 37 0
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း4)

စိတ်ကတော့ မကျေနပ်စွာ တင်းနေမိသည်။ ထိုသို့မဖြစ်သင့်ဟု ညီညီငယ်ထင်မိသည်။ အကြောင်းမတိုက်ဆိုင်စွာ နှလုံးသွေးရပ်သွားကာ သေသွားခဲ့လျှင် ဒါကနောက်ရမည့်အပိုင်းမဟုတ်တော့၊ သူ့အားခင်မင်လို့၊ စချင်လို့၊ နောက်ပြောင်တဲ့သူ ဖြစ်ခဲ့လျှင် ထိုသို့တိတစိတ်ထွက်သွား စရာအကြ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

စိတ်ကတော့ မကျေနပ်စွာ တင်းနေမိသည်။ ထိုသို့မဖြစ်သင့်ဟု ညီညီငယ်ထင်မိသည်။ အကြောင်းမတိုက်ဆိုင်စွာ နှလုံးသွေးရပ်သွားကာ သေသွားခဲ့လျှင် ဒါကနောက်ရမည့်အပိုင်းမဟုတ်တော့၊ သူ့အားခင်မင်လို့၊ စချင်လို့၊ နောက်ပြောင်တဲ့သူ ဖြစ်ခဲ့လျှင် ထိုသို့တိတစိတ်ထွက်သွား စရာအကြောင်းမရှိ၊ အနည်းဆုံးတော့ နောက်တာပါဟုတော့ ပြောခဲ့သင့်သည်။ ဤသို့ဆိုခဲ့လျှင် သူ့အား တမင်လုပ်ယူကာ ဖြစ်ချင်ရာ ဖြစ်ဟုသဘောထားခဲ့ပြီး လုပ်သွားခဲ့သူသည် သာမန်မဟုတ်တော့။

နောက်တနေ့တွင်တော့ ညီညီငယ် အိမ်ကိုဖုန်းဆက်ခေါ်လိုက်သည်။ မည်သည့်အချိန်ပဲဖြစ်ပါစေ၊ ကျောင်း၀န်ထဲမှာ ဖုန်းပြောချင်လျှင် ကျောင်း၏ရုံးခန်းထဲလာပြီးမှ ဖုန်းခေါ်ဆိုခွင့်သာရှိပါသည်။ အပြင်မှလာသည့် ဖုန်းခေါ်များဖြစ်ခဲ့လျှင် ကျောင်း၀န်းအတွင်းတက်ဆင်ထားသော စပီကာအတွင်းမှ သက်ဆိုင်သူ နာမည်ကိုခေါ်ဆို၍ ကျောင်းရုံးခန်းသို့သွားကာ ဖုန်းပြောဆိုရသည့် ကျောင်း၏စည်းကမ်းတစ်ခုပင် ဖြစ်ပါသည်။

“မေမေ“

“သားငယ် အားလုံးအဆင်ပြေလား စာတွေလိုက်နိုင်တယ်နော်၊ အေးကြိုးစားနော်“

“ဟုတ်ကဲ့မေမေ“

“ကိုကိုနဲ့လည်း တည့်အောင်ပေါင်းနော်
ညီအကိုလေးနှစ်ယောက်ရှိတာ ဟုတ်ပြီးလား ကိုကိုစကားလည်းနားထောင်အုံး“

“မေမေ“

“အင်း“

“သားပြန်လာချင်တယ်“

“ဘာဖြစ်လို့စိတ်တွေကို ပျော့ညံ့နေရတာလဲ၊
ယောက်ျားတစ်ယောက်အနေနဲ့ ပျော့ညံ့နေလို့မရဘူး“

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now