EPISODE 17 Final(Uni+Zawgyi)

1K 66 4
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း (ဇာတ်သိမ်းပိုင်း)

ကိုကိုလေးမေမေကိုကြည့်ကာ စိတ်ထဲနင့်နေအောင်ခံစားရသည်။ ညီညီငယ်ကိစ္စကြောင့် သူကျောင်းကို ပြန်မသွားသည်က နှစ်ပတ်ပင်ရှိခဲ့ပြီး၊ ကျောင်းလည်းတက်ချင်စိတ်မရှိတော့ချေ။ မေမေကတော့ အိမ်ရောက်သည်နှင့် အိပ်ယာထဲလဲပါတော့သည်။ အိပ်ယာထဲလဲနေရင်းက နှင်းဆီပေးလိုက်သော ညီညီင...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကိုကိုလေးမေမေကိုကြည့်ကာ စိတ်ထဲနင့်နေအောင်ခံစားရသည်။ ညီညီငယ်ကိစ္စကြောင့် သူကျောင်းကို ပြန်မသွားသည်က နှစ်ပတ်ပင်ရှိခဲ့ပြီး၊ ကျောင်းလည်းတက်ချင်စိတ်မရှိတော့ချေ။ မေမေကတော့ အိမ်ရောက်သည်နှင့် အိပ်ယာထဲလဲပါတော့သည်။ အိပ်ယာထဲလဲနေရင်းက နှင်းဆီပေးလိုက်သော ညီညီငယ်၏ နေ့စဉ်မှတ်တမ်းလေးကို တစ်ရွက်ဖတ်ပြီးတိုင်သာ ငိုနေပါတော့သည်။

မေမေငိုတော့ ကိုကိုလေးပါ လိုက်ငိုသဖြင့် မေမေသည် နောက်ပိုင်းတွင်တော့ သူ့၏ရှေ့တွင် မငိုတော့ချေ။ အိမ်၌ရောက်နေသည်ကို မေမေ သည်ကိုကိုလေးကို နှစ်ပတ်ပြည့်သည့်နေ့တွင် ကျောင်းသွားရန်ပြောပါလေတော့သည်။

"သားကျောင်းကို ပြန်မသွားချင်တော့ဘူး ညီလေးရဲ့အရိပ်တွေရှိခဲ့တဲ့ ကျောင်းကို သားပြန်မသွားရဲတော့ဘူးမေမေရယ်၊ ညီလေးက သားကိုမုန်းနေမှာ"

"သားကြီးရယ် သားငယ်ကလေ သူ့အကို ကိုယ်ဘယ်တော့မှမမုန်းပါဘူးကွယ် အကိုတစ်ယောက်ကို ငတ်လျင်စွာနဲ့ ချစ်ခဲ့တာပါ၊ သားကြီးကို ချစ်တဲ့အကြောင်းတွေ ဒီစာအုပ်ထဲမှာ အပြည့်ပါပဲကွယ်၊ သားကြီးသာ ညီလေးကို တစ်ကယ်ချစ်ရင်လေ ညီလေးဖြစ်စေချင်တဲ့ ပညာရေးကို ဆုံးခန်းတိုင်အောင်သင်စေချင်တယ်"

"မေမေ ညီလေးက သားကိုဘာဖြစ်စေချင်တာလဲဟင်"

"သူ့ရဲ့အကိုနဲ့ အတူဆေးကျောင်းမှာ ပညာအတူတူသင်ယူရရင်သိပ်ကောင်းမှာပဲတဲ့ကွယ်"

ကိုကိုလေး နင့်နေအောင်ခံစားရပါသည်။ သူတို့ကိုဖေဖေမေးခဲ့စဉ်က သူကအင်ဂျင်နီယာ ဖြစ်ချင်သည်ဟု ဖြေခဲ့သလို ညီညီငယ်ကတော့ ဆရာ၀န်ကြီးဖြစ်ချင်သည်ဟု ပြောစကားများကိုကြားယောင်နေမိပါတော့သည်။

You've reached the end of published parts.

⏰ Last updated: Dec 21, 2020 ⏰

Add this story to your Library to get notified about new parts!

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now