EPISODE 7(Uni+Zawgyi)

496 38 2
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း (အပိုင်း 7)

ဘာကြောင့်များ လူလူချင်းကို လူလိုမတွေးကြပဲ ရွံစရာကောင်းသည့် အကြည့်များ အမူယာများကို ပြုမူနေကြသည်နည်း ဟုမေမေနှင့် ကိုကိုလေးကို သူမေးလိုက်ချင်သည်။ ညီညီငယ် ခံစားချက်များက နေ့စဉ်မှတ်တမ်း စာအုပ်လေးပေါ်ကျရောက်သွားတော့သည်။ ထိုစာအုပ်လေးသည် ညီညီငယ် ကိုတစ်ကိ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဘာကြောင့်များ လူလူချင်းကို လူလိုမတွေးကြပဲ ရွံစရာကောင်းသည့် အကြည့်များ အမူယာများကို ပြုမူနေကြသည်နည်း ဟုမေမေနှင့် ကိုကိုလေးကို သူမေးလိုက်ချင်သည်။ ညီညီငယ် ခံစားချက်များက နေ့စဉ်မှတ်တမ်း စာအုပ်လေးပေါ်ကျရောက်သွားတော့သည်။ ထိုစာအုပ်လေးသည် ညီညီငယ် ကိုတစ်ကိုယ်တည်း ခံစားစေသည့် အကြောင်းရာများ၊ စိတ်တွင်ဖြစ်ပေါ်လာသော ခံစားမှု့ဝေဒနာတွေကို စာအုပ်လေးက ဒဏ်ခံကာ ညစ်သမျှကို သည်းခံရှာလေသည်။

အိမ်၏အပြင်သို့လည်းမထွက်တော့ပဲ အိမ်တွင်းအောင်းကာ နေလိုက်သော ညီညီငယ်ကိုတော့ သားများနှင့် ပက်သက်လာလျှင် မှန်သည်ဟုသတ်မှတ်ထားလျှင် ဘယ်တော့မှ လက်မလျှော့ပဲ နေသည့်မေမေကတော့ ညီညီငယ်ကို လာ၍ပင်မကြည့်။

"ဒီအချိန်မှာ သူတို့ကိုလိုက်လျောပေးလိုိက်ရင် နောင်တစ်ချိန်မှာလဲ ဒီလိုလုပ်ရင်ရတာပဲ ဆိုပြီး ဖြစ်လာလိမ့်မယ်၊ ပစ်ထားလိုက် ဘယ်တော့မှ မချော့နဲ့၊ မိဘရဲ့မေတ္တာစေတနာ ဆိုတာသူတို့တွေကြီးလာ မှသိလိမ့်မယ်"

ဖေဖေကတော့ အထိုက်လျောက် လိုက်လျောသည်။

"မင်းကလေးတွေကို အဲဒီလိုကြီးတော့မဆုံးမပါနဲ့၊ ကလေးတွေက ဆိုးနေတဲ့ကလေးတွေမှမဟုတ်တာ၊ ငါ့သားတွေအားလုံးက လိမ္မာတယ်၊ မင်းသာ..."

"အော် တော်က ကျုပ်ဆူတာကြတော့မြင်တယ်ပေါ့လေ၊ ဒီလောက်ဆူပူနေတာမှတော်ကာ ကျတယ်တော်ရေ၊ အဲ့ဒီလိုလိမ္မာတယ် လိမ္မာတယ် ဆိုတဲ့သား၊သမီးတွေက လုပ်သွားလိုက်ကြတာပဲလေ တစ်ခါတည်းပဲ၊ အပြတ်ကိုလုပ်သွားလိုက်ကြတာပဲ၊ ဒါမျိုးတွေမဖြစ်စေချင်လို့ ကြိုတင်လုပ်နေရတာတော့၊ ရှင်ကတော့ဘယ်နားလည်မလည်လဲ၊ ကျုပ်တို့လို မိန်မသားတွေက လင်အတွက်လည်းပူရ၊ သားတွေအတွက်လည်းပူရ၊ ဆွေးမျိုးတွေလည်းပူရ အပူသည်ကြီးတွေကိုဖြစ်လို့၊ ရှင်တို့တွေကတော့ ပိုက်ဆံရှာပြီးရင်တာ၀န်ကျေပြီးလို့တွက်ထားကြတဲ့သူတွေလေ၊ ပိုက်ဆံလေး ဘုတ်ကနဲပေးလိုက်၊ ပြီးရင်ဘာဖြစ်ဖြစ်လှည့်တောင်မကြည့်တော့ဘူး၊ ဒါပဲလုပ်တတ်ကြတာလေ"

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now