EPISODE 3(Uni+Zawgyi)

572 47 0
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း 3)

မြန်မာရွာ ပညာသင်ကျောင်းလေးသည် တော်တော်ကျယ်၀န်းပါသည်။ အရိပ်ကောင်းသော အပင်ကြီးများကလည်း ပေါ်များလှသဖြင့် ကျောင်းကြီးမှာ ဦးယာဉ်ကြီး နှင့်တူနေသည်။ ကျောင်း၀င် ဂိတ်တွင် ဘောလုံးကွင်း ၊ အားကစားခန်းမ ၊ ဆရာကြီးရုံးခန်း နှင့် ဧည့်ဆောင် ကိုစတင်ထားပြီး နောက် အ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မြန်မာရွာ ပညာသင်ကျောင်းလေးသည် တော်တော်ကျယ်၀န်းပါသည်။ အရိပ်ကောင်းသော အပင်ကြီးများကလည်း ပေါ်များလှသဖြင့် ကျောင်းကြီးမှာ ဦးယာဉ်ကြီး နှင့်တူနေသည်။ ကျောင်း၀င် ဂိတ်တွင် ဘောလုံးကွင်း ၊ အားကစားခန်းမ ၊ ဆရာကြီးရုံးခန်း နှင့် ဧည့်ဆောင် ကိုစတင်ထားပြီး နောက် အဆောက်အဦးတစ်ခု စာသင်ခန်းများ ရှိပါသည်။

စာသင်ခန်းကြီးနောက်ဘက်မှာ မှတောင်ကုန် ဂမုလေးများပေါ်တွင် ကျောင်း၏အဆောင်များကို ဆောက်လုပ်ထားသည်။ အိပ်ဆောင် အသီးသီးတွင် ထမင်းစားခန်းများ ထားရှိကာ ဆောက်လုပ်ထားသည်။

အဆောင်နှင့် စာသင်ခန်းသို့သွားသော လမ်းလေးအား ပလက်ဖောင်းသဖွယ် ဆောက်လုပ်ထားပြီး၊ ဘေးဘက်တွင်တော့ အရိပ်ကောင်းသော အပင်ကြီးများအောက်တွင် ခုန်တန်းလေးများထားကာ ကျောင်းသား၊သူများအတွက် စာကြည့်လျှင်ဖြစ်စေ၊ စကားပြောလျှင်ဖြစ်စေ ထားရှိပါသည်။ မြက်ခင်းပြင်များကို တမင်ပြုလုပ်ထားကာ စိမ်းလန်းလို့နေပါသည်။

ညီညီငယ်ကတော့ သူတို့အမြဲထိုင်နေကြ ကျောင်း၀န် ထောင့်တွင်ပေါက်နေသော မကျဉ်းပင်အောက်တွင် ထိုင်နေရင်း လေညှင်းခံကာ အဝေးသို့ငေးနေမိသည်။
ထိုအပင်အောက်ရောက်တိုင် ခုန်တန်းလျာတွင် ဘယ်တော့မှ မထိုင် မြက်ခင်းပြင်ပေါ်မှာသာထိုင်ကြသည်။

ဘုန်း............

ညီညီငယ်နောက်မှနေပြီး ရိုက်လိုက်သော နှင်းဆီကြောင့် နည်းနည်းလန့်သွားသည်။

"ဘာတွေစိတ်ကူးယဉ်နေတာလဲ ငါလာတာတောင်မသိရအောင်"

"အဟက်...."

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now