EPISODE 10(Uni+Zawgyi)

456 36 0
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း (အပိုင်း 10)

"မင်းရူးနေလား အောင်အောင် မင်းကအောင်အောင်ကော ဟုတ်ရဲ့လားကွ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"မင်းရူးနေလား အောင်အောင် မင်းကအောင်အောင်ကော ဟုတ်ရဲ့လားကွ"

"ဟုတ်တယ် ငါရူးနေတယ် ငါအခြောက်ပဲ အေးအဲဒီတော့ မင်းငါ့ကိုပေါင်းချင်ပေါင်း မပေါင်းချင်နေ၊ ငါဂရုမစိုက်ဘူး၊ ငါသိတာက ငါညီညီငယ်ကို စောင့်ရှောက်မယ် ဒါပဲ"

"ဟေ့ကောင် မင်းလက်လွတ်စပါယ်မပြောနဲ့ ညီညီငယ်ကို ဒုက္ခရောက်အောင် လူ့အသိုင်းဝုိင်းနဲ့ ဝေးအောင် မင်းလုပ်နေတာလား"

"မဟုတ်ဘူးကွ ဖေးမနေတာ ဒါတွေမင်းလိုကောင်မျိုးသိမှာမဟုတ်ဘူး"

နန္ဒစိတ်တွင် တင်းကြပ်သွားတော့သည်။ ဘာတွေခံစားနေသည်ကို နန္ဒနားမလည်ပါ။ သို့ပေမယ့် ညီညီငယ်ကိုတော့ ဒီကောင်ကိုမပေးနှိုင်ဘူး။

"ဟားဟား....ငါသိပြီး မင်းက ညီညီငယ်နဲ့ ငါတစ်ခုခုဖြစ်မှာဆိုးလို့ မင်းဒီလိုလုပ်ဇာတ်ခင်းလိုက်တာကို"

"ဘာလုပ်ဇာတ်လဲ"

"အောင်အောင်ရာ မင်းငယ်ပါသေးတယ် မင်းလုပ်လိုက်တာက မင်းငါနဲ့ ညီညီငယ်ကို တစ်ခုခုဖြစ်မှာကြောက်နေတယ် ဒါကြောင့် ငါနဲ့ညီညီငယ်ရဲ့ လုပ်ဇာတ်ကို မင်းဖွလိုက်တာကို"

"တော်စမ်း ငါကလုပ်စရာလား ဒီအကြောင်းတွေပေါ်လာလို့ ငါဒီလိုသေချာသွားတာ"

"မင်းမညာနဲ့ ဇာတ်လမ်းတစ်ခုကို လုပ်ဇာတ်လုပ်ပြီး မင်းဖန်တီးလိုက်တာက ထင်ထင်ခြားခြားဖြစ်နေတာပဲ၊ မင်းစဉ်းစားကြည့်စမ်း အဲဒီနေ့မနက်က ငါထွက်သွားကို ဘယ်သူမှသိတာမဟုတ်ဘူး၊ ဆရာမျိုးမင်းဆိုတာလည်း ငါပြောလို့သိရတာ၊ ဆရာတစ်ယောက်ကို ငါက ညီညီငယ်ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီးပြောမယ့်သူလာ၊ ဆရာတစ်ယောက်ကို ဒါမျိုးတွေပြောလို့ရမလာ မင်းတွေးကြည့်၊ အေးငါ့ဘက်ကခိုင်လုံတယ် သက်သေတွေလည်း ရှိတယ်။ အဲ့ဒီနေ့မနက်က ငါဘယ်သူနဲ့မှမတွေ့ခဲ့ရပဲ ဒီကထွက်သွားရတာ၊ ကဲပြောစမ်းပါအုံး"

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now