EPISODE 13(Uni+Zawgyi)

447 34 1
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း 13)

နန္ဒသည် ညီညီငယ် ကသူ့ခြေထောက်ကို နှိပ်နယ်ပေးနေသည်ကို တစ်ချက်ချက်တွန့်သွားကာ နာနေရင်းက ညီညီငယ်ကို ငုံ့ကြည့်နေမိသည်။ သေချာ ကြည့်တော့မှ ညီညီငယ် တော်တော်ချောပါသည်။ မျက်နာလေးက အပြစ်ကင်းစင်သည်။ အေးမြနေသည်။ နှုတ်ခမ်းလေးက ရဲတက်နေသည်။ ထိုအရဲလေးပေါ်မှ အသားကဖ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နန္ဒသည် ညီညီငယ် ကသူ့ခြေထောက်ကို နှိပ်နယ်ပေးနေသည်ကို တစ်ချက်ချက်တွန့်သွားကာ နာနေရင်းက ညီညီငယ်ကို ငုံ့ကြည့်နေမိသည်။ သေချာ ကြည့်တော့မှ ညီညီငယ် တော်တော်ချောပါသည်။ မျက်နာလေးက အပြစ်ကင်းစင်သည်။ အေးမြနေသည်။ နှုတ်ခမ်းလေးက ရဲတက်နေသည်။ ထိုအရဲလေးပေါ်မှ အသားကဖြူတော့ အမွေးစိမ်းစိမ်းလေတွေ နှင့်တော်တော်ကို ကြည့်ကောင်းနေသည်။

ဟိုအရင်တုံးကလို နာကျဉ်းစိတ်တွေမရှိတော့၊ ရွံရှာတဲ့စိတ်တွေမရှိတော့၊ သူရင်ထဲမှာ ထိုအရာများနှင့် ဆန့်ကျင်ဘက် ခံစားနေရသည်ဟု စိတ်ထဲထင်မိသည်။
ပန်းကလေးတွေပေါ်မှာ ပျားပိတုန်းတွေဝဲပျံနေသလား ထင်ရအောင် ကြည်နူးနေပါသည်။ ဘေးပတ်၀န်ကျင် သည်ရင်ခုန်ဖွယ်ကောင်းလှအောင် အမြင်တွင် တင့်တယ်လှပနေပါတော့သည်။

သူ့စိတ်တွေဘာဖြစ်သွားသည်မသိတော့ ညီညီငယ်ကို ဆွဲမော့လိုက်ပြီး နုတ်ခမ်းကို တစ်ခြိုက်မက်မက် နမ်းပစ်လိုက်တော့သည်။

"ဟင်"

ညီညီငယ် နန္ဒလက်က သူ့မျက်နာကို မော့စေလိုက်ပြီး နမ်းပစ်လိုက်သော အခါ၊ အံ့သြမက်သက် ကာ မျက်လုံးများပြူးသွားပါတော့သည်။
အချိန်သည် ၁ မိနစ်တောင် ပြည့်မည်မထင်၊

ထိုအချိန်လေတွင် ညီညီငယ်လွင့်မျော်သွားတော့သည်။ မိမိအား နန္ဒနမ်းလိုက်သည်ကို သိလိုက်သည်။ ထိုအနမ်းသည် ချိုမြိန်ပါသည်။ နောက်ခါးသက်လှပါသည်။ နောက် အဆိပ်တွေပါလာသည် ဟုအသိက ၀င်လာတော့ ညီညီငယ် နန္ဒကို စောင့်တွန်းလိုက်တော့သည်။

"မင်းဒါဘာလုပ်တာလဲ"

ညီညီငယ် ဒေါသများထွက်ကာ အသက်ရှူသံပင်ပြင်းလာသည့် အတွက်၊ ရင်တစ်စုံမှာလည်း နိမ့်ချည်မြင့်ချည်နှင့် အသက်ရှူသံပြင်းလို့နေပါတော့သည်။

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now