EPISODE 12(Uni+Zawgyi)

428 41 0
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း12)

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း12)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အ...အား..

"ဟင်နန္ဒ"

အောင်ခိုင်ခြေထိုးခံလိုက်သည်က တစ်ယောက် ခြေထိုးခံရပြီး မှောက်ယက်လဲသွားသူက နန္ဒဖြစ်သွားသည်။ နန္ဒကလည်း ညီညီငယ်ဆင်းလာတာကိုမြင်ပြီး အားတက်သရော တက်လာကာ အောက်ခြေမှ ထောက်ချောက်ကို မမြင်မိလိုက်။
ထိုကြောင့်လည်း အချိန်မထိန်းနိူင်ဖြစ်သွားကာ ဘာမှ ပြင်ဆင်ချိန်မရလိုက်သလို အထိနာက လဲကျသွားတော့သည်။

"ဟင်... နန္ဒ"

အောင်ခိုင်နန္ဒထိသွားမှန်လည်း သိရော ခြုံထဲကတိုးပြီး ထွက်ပြေးလာခဲ့တော့သည်။ နန္ဒနှင့်ညီညီငယ်ကတော့ ခြေထိုးခံလိုက်သော ခြေထောက်တစ်ခုသာအမှတ်တမဲ့တမှတ်တွေ့လိုက်ရသည်။ နန္ဒကတော့ မည်သူဘယ်ဝါဆိုတာ သိလိုက်ပေမယ့် ညီညီငယ်ကတော့ မသိလိုက်ချေ။ စိုးရီမ်တကြီး နန္ဒအနားသို့ပြေးသွားက ထူလိုက်သည်။

"နန္ဒ....နန္ဒ.. ဘယ်လိုနေသေးလဲ ဘာဖြစ်သွားသေးလဲ"
"အား ...ငါ့ခြေကောက်၀တ်တအားနာတယ်.. "

ဟုတ်ပါသည် ခြေကောက်၀တ်မှာ ချက်ခြင်းယောင်တက်လာသည်။

"ဟာကျိုးသွားပြီးလာမသိဘူး အကြီးကြီးဖြစ်လာတယ်"

"အာ မင်းနော် ငါ့ကို....မင်းပြောမှပိုလို့တောင်နာလာသလိုပဲ."
ညီညီငယ်ကလဲ အားပေးရှာသည်။ ဒဲ့ဒိုးသာပြောသည်။ နန္ဒလဲကျသွားသည်နှင့် အောင်ခိုင်ကတော့ ပြေးထွက်သွားတာ အမှီလေးတောင်မမြင်လိုက်ရ၊

အောင်ခိုင် ကြောက်ကြောက်နှင့် ဇွတ်ပြေးလိုက်လာတာ ရှေ့မှထွက်သွားသည့် အုပ်စုကိုပင် တောင်ကျချောင်းမကူးခင် မှီသွားခဲ့သည်။ ကျောင်းသူ၊သားများကလဲ မောကလဲမော မြန်မြန်ချောင်းကို ဖြတ်ချင်ဇောကြီးနေသဖြင့် အောင်ခိုင်ရောက်လာသည်ကို မည်သူကမှသတိမထားမိလိုက်ချေ။

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now