EPISODE 15(Uni+Zawgyi)

526 36 7
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း (အပိုင်း 15)

အားလုံးသော သူများကတော့ ပျော်ရွှင်စွာ ပွဲကိုတက်ရောက်ခဲ့ကြပါသည်။ ညီညီငယ်လဲပဲ ပွဲကိုတက်ရောက်ရန် ပြင်ဆင်နေပါသည်။ နန္ဒတို့တွေကတော့ ဟီးရိုးအဖွဲ့အဖြင့် နာမည်ကောင်းယူခဲ့သဖြင့် အစောကြီးပွဲသို့ထွက်သွားပါတော့သည်။ထိုကြောင့်ညီညီငယ်တစ်ယောက်တည်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အားလုံးသော သူများကတော့ ပျော်ရွှင်စွာ ပွဲကိုတက်ရောက်ခဲ့ကြပါသည်။ ညီညီငယ်လဲပဲ ပွဲကိုတက်ရောက်ရန် ပြင်ဆင်နေပါသည်။ နန္ဒတို့တွေကတော့ ဟီးရိုးအဖွဲ့အဖြင့် နာမည်ကောင်းယူခဲ့သဖြင့် အစောကြီးပွဲသို့ထွက်သွားပါတော့သည်။
ထိုကြောင့်ညီညီငယ်တစ်ယောက်တည်း

အခန်းထဲတွင်ကျန်ခဲ့သည့် အချိန်တွင်ဖြစ်ပါသည်။
အ၀တ်စားများကို လဲနေသော ညီညီငယ် တစ်ယောက်တည်းရှိနေသည့် အတွက်လွတ်လွတ်လပ်လပ် လဲရန်ပြင်လိုက်ချိန်မှာတော့ အခန်းတံခါးဖွင့်လိုက်သည်ကို သိလိုက်သဖြင့် ကုတ်င်ပေါ်တက်ပြေးကာ အရှက်ကိုလုံးအောင်ဖုန်းနိုင်ရန်ကြိုးစားတော့သည်။ သို့သော်နောက်ကျသွားခဲ့သည်။

"အား..."

နန္ဒသည်လဲ မိမိဘောလုံးကန် ယူနီဖောင်းကျန်ခဲ့သဖြင့် ပြန်လာယူခြင်းဖြစ်ပါသည်။ မထင်မှတ်စွာ ညီညီငယ်ကို ကိုယ်တုံးလုံးဖြင့်မြင်လိုက်ရတော့ နည်းနည်းပင်ကြောင်ကာ လန့်သွားသည်။

"အာ....ဘာလာလုပ်တာလဲ"

"ဟိုလေ ဟိုယူနီဖောင်းကျန်ခဲ့လို့"

"တံခါးလေး ဘာလေးလဲခေါက်ပါလား ယဉ်ကျေးမှု့မရှိလိုက်တာ"

"ဆော်ဒီးကွာ ငါကလဲလောလောနဲ့ဖြစ်သွားလို့"

"သိပ်မုန်းဖို့ကောင်းတာပဲ"

ညီညီငယ်ကတော့ ဆောင်တွေဖြင့်လုံးအောင်ဖုံးနေရင်းက ပြောနေပါသည်။

"ဘာကွ မင်းဘာပြောလိုက်တယ်"

"ဟုတ်တယ် မုန်းဘို့ကောင်းတယ်မင်းက ယဉ်ကျေးမှု့လည်းမရှိ၊ တစ်ဘက်သားကို နားလည်မှု့လဲမပေးနိုင်တော့"

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now