EPISODE 9(Uni+Zawgyi)

465 32 0
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း ( အပိုင်း 9)

တန်းကျောင်းမှ အကိုကြီးတစ်ယောက် နှင်းဆီလွယ်အိတ်ကိုလှမ်းဆွဲလိုက်သည်ကို တွယ်တာက လက်ဆွဲသည့်အထင်ဖြင့် ကိုင်ပေါက်ခဲ့ဖူသည့် အကြောင်းရှိခဲ့သည်။ ထိုကြောင့်လည်း ပန်းအိနှင့်၀တ်မှုန် ငြိမ်သွားခြင်းဖြစ်ပါသည်။ ထိုနောက် ပန်းအိနှင့်၀တ်မှုန် လွယ်အိတ်များကို ကောက်ယ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တန်းကျောင်းမှ အကိုကြီးတစ်ယောက် နှင်းဆီလွယ်အိတ်ကိုလှမ်းဆွဲလိုက်သည်ကို တွယ်တာက လက်ဆွဲသည့်အထင်ဖြင့် ကိုင်ပေါက်ခဲ့ဖူသည့် အကြောင်းရှိခဲ့သည်။ ထိုကြောင့်လည်း ပန်းအိနှင့်၀တ်မှုန် ငြိမ်သွားခြင်းဖြစ်ပါသည်။ ထိုနောက် ပန်းအိနှင့်၀တ်မှုန် လွယ်အိတ်များကို ကောက်ယူကာ အခန်းထဲမှ ထွက်ခဲ့လိုက်သည်။

"အွန့်"

"အမလေး သနလိုက်တာ လူတစ်ယောက်လုံးလာတာ မမြင်ဘူးလာ"
ပန်းအိလောလော နှင့်ထွက်လိုက်သည့်အချိန်၊ ညီညီငယ် အခန်းထဲသို့ ၀င်လိုက်သည့် အချိန်တိုက်ဆိုင်သွားကာ ၀င်တိုက်သလိုဖြစ်သွားခဲ့ပါသည်။

"ဟ..နင်လည်း၀င်တိုက်သေးတယ် နင်ကလဲအော်သေးတယ်"

"အို ပန်းအိရယ်နင့်မို့လို့ ရပ်စကားပြောနေသေးတယ် လာသွားမယ်"

"ဘာတွေလဲဟ"

ညီညီငယ်အခန်းထဲ ၀င်လိုက်တော့ အခန်းတစ်ခုလုံးသည် မလိုအပ်ပါပဲတိတ်ဆိတ်နေတော့သည်။ နှင်းဆီနှင့်တွယ်တာကလည်း အတန်းအလယ်ပိုင်မှာ ရောက်နေသည်။ သူမတို့၏မျက်နာတွေက တင်းမာနေကြသည်။ ဘာပြဿနာဖြစ်နေကြသည်မသိတော့။

"နှင်းဆီ ဘာဖြစ်နေတာလဲ"

"နင်ကခုမှလာတာ တစ်မနက်ခင်းလုံး ဘယ်အလေလိုက်နေတာလဲ ပြောစမ်းပါအုံး"

နှင်းဆီ၏ ဆူးဆူးဝါးဝါးအော်လိုက်သော ဒေါသသံက တစ်ခန်းလုံး လွှမ်းသွားတော့သည်။
ညီညီငယ် အံ့သြကာ ကြောင်ကြည့်နေသည်။ နှင်းဆီသည် မတက်ရပ်နေရာကနေပြီး အနားတွင်ရှိသော ထိုင်ခုံလွတ်ပုံထိုင်ချကာ မျက်နာကိုမှောက်ပြီး ငိုချလိုက်ပါတော့သည်။

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now