EPISODE 8(Uni+Zawgyi)

504 41 3
                                    

ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း 8)

နန္ဒနှင့်အောင်အောင် ကျောင်းအဆောင်ရှေ့က ခုံတန်းလေးတွင်ထိုင်ကာ စကားပြောနေကြပါသည်။ ကျောင်းကြီးက ၁၀တန်းသမားတွေ အတွက်စားမေးပွဲလုံးနေကြတော့ သူတို့တွေ ခဏတာလွတ်လပ်နေကြပါသည်။ ကျောင်းစာတွေကိုလည်း ညဘက်ရောက်မှ အနည်းငယ်ဂိုဏ်များဖြင့်သာ ကြည့်နေရသည့် အချိန်တွေ ဖ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နန္ဒနှင့်အောင်အောင် ကျောင်းအဆောင်ရှေ့က ခုံတန်းလေးတွင်ထိုင်ကာ စကားပြောနေကြပါသည်။ ကျောင်းကြီးက ၁၀တန်းသမားတွေ အတွက်စားမေးပွဲလုံးနေကြတော့ သူတို့တွေ ခဏတာလွတ်လပ်နေကြပါသည်။ ကျောင်းစာတွေကိုလည်း ညဘက်ရောက်မှ အနည်းငယ်ဂိုဏ်များဖြင့်သာ ကြည့်နေရသည့် အချိန်တွေ ဖြစ်နေသဖြင့် သူတို့အတွက် အချိန်တွေ ပိုကာနေသည်။
သူတို့အရွယ်လွတ်လပ်စွာ လောကကြီးကို ခြေဆန့်လို့ လှမ်းဘို့ရည်ရွယ်နေကြပြီး မဟုတ်လား.... ကိုယ်စီ စိတ်တွင်းမှာတော့ ရည်မှန်းချက်ကလေးများဖြင့် ကိန်းအောင်းကာ ရည်မှန်ရာ ပန်းတိုင်သို့လှမ်းဘို့ ကိုယ်စီလျှောက်နေကြလေပြီး။

"ကိုယ့်သမိုင်းကိုယ်ရေးဘို့ပဲလိုတာပေါ့မဟုတ်ဘူးလာ"

"မင်းကမေသမိုင်းကို ရည်ရွယ်ပြီးပြောနေတာလာ နန္ဒ"

"အဟ အောင်အောင်ရာ နန္ဒဆိုတဲ့ငါကလေ သမိုင်းတွေပထဝီတွေ စိတ်၀င်စားတာမဟုတ်ဘူး၊ ငါရင်ထဲမှာ ရှိနေတာက ပန်းကလေးပဲ"

နန္ဒလုပ်နေပုံကြည့်ပြီး အောင်အောင် အမြင်ကပ်လာတော့သည်။

"ဘာပန်းလဲ ရွှေပန်းလား"

"ခွေးကောင် မင်းမညစ်ပတ်နဲ့"

"မှန်တာပြောတာလေ ပန်းတွေများတော့ ဘာပန်းမှန်းမှ မသိတာ"

အောင်အောင် ၏မသိချင်ယောင်ဆောင်ကာ လုပ်နေသည်ကို နန္ဒစိတ်တွေတိုလာတော့သည်။ ဒီကောင်တမင်ညစ်နေတာ။

"နှင်းဆီကွ နှင်းဆီ ...ဒီလောကမှာ ငါ့နှင်းဆီလောက်လှတဲ့ ကောင်မလေးမရှိဘူးကွ ငါ့နှင်းဆီက အလှဆုံး အချောဆုံး"

About a flower that is not a flower(Uni+Zawgyi)Where stories live. Discover now