Ep25 (Unicode)

993 109 16
                                    

အပိုင်း- (၂၅)

ဒီနှစ်ရန်ကုန်ဆောင်းကအေးလိုက်တာ အရင်နှစ်တွေနဲ့မတူစွာ အအေးပိုကဲသလိုပင်။

သို့သော် ကျောချင်းဆိုင်ထားတဲ့နွေးထွေးမှုလေးကအအေးသက်သာစေသည်။ ရှားအိပ်သွားတော့မှကုတင်ကိုပြန်ကပ်ပြီး ကိုနန်ဒီး ရှားရဲ့ဘေးတွင် မျက်နှာချင်းဆိုင်ကာအိပ်စက်ဖို့နေရာယူလိုက်လေသည်။

အဖြူရောင် ညအိပ်ဝတ်စုံနှင့် နှာတံစင်းစင်း၊ မျက်တောင်ရှည်ရှည်တွေနှင့်အမျိုးသားသည် light bulb၏ မှိန်ပျပျအလင်းရောင်အောက်တွင် အလွန်မင်းဆွဲဆောင်မှုရှိလှလေသည်။ အပူပင်မရှိသော မျက်နှာလေးတွင် ကိုယ်နဲ့ပတ်သက်လို့ ပူပန်မှုတွေ ဖြစ်ပေါ်လာခဲ့ရင်ဆိုသော စိုးရိမ်ပူပန်မှုကြောင့် ရှေ့ကိုခြေလှမ်းမတိုးရဲ။

ရှားရဲ့မိဘတွေအကြောင်း သူအသိဆုံးပင်။

ပိုက်ဆံရှိအသိုင်းဝိုင်းပေမယ့်ငွေဂုဏ်မမောက်ကြသည်ကိုတော့ သဘောကျမိပါသည်။ သို့ပေသိ... သားသမီးနှင့်ပတ်သက်လျှင် အလွန်မင်းseriousဖြစ်တတ်သည်ကိုလည်း သိနေသေးသည်မို့ စိတ်မအေးနိုင်။

ရှားပြောနေကျစကားအတိုင်း အခုလက်ရှိအချိန်ကိုမှာသာ ပျော်ပျော်နေမယ်။

အိပ်နေသောအမျိုးသား၏ မျက်ခုံးတန်းတွေက စွဲမက်စရာ။

နီစွေးစွေး နှုတ်ခမ်းပါးလေးကို အကြည့်ရောက်မိတော့ စိတ်မထိန်းနိုင်စွာ နှုတ်ခမ်းချင်းအပ်မိပြန်သည်။

"ရှားရယ် မင်းက ငါ့ကိုတွယ်တာတယ်ဆိုရင်...တူညီသောတွယ်တာမှုမျိုးနဲ့ ငါလဲ ပြန်ရစ်ပတ်ပါရစေ။

ငါလဲမင်းနည်းတူ မင်းကိုမေတ္တာရှိပါတယ်။ မုန်တိုင်းထန်မယ့်လမ်းဆိုလဲ ရူးမိုက်စွာ ငါလိုက်ခဲ့ပါမယ်။ လက်ညှိုးထိုးအပြစ်တင်ခံရမယ့်သူကလဲ မင်းအစားငါပဲဖြစ်ပါရစေ။"

.....

အိပ်စက်နေရင်း နဂိုထက်ပိုနွေးတဲ့အိပ်ရာရဲ့အထိအတွေ့ ၊ ရင်းနှီးနေတဲ့ စီးကရတ်နံ့က နှာခေါင်းထဲလာကျီစယ်နေသည်။

မျက်လုံးတို့ကိုဖွင့်လိုက်တော့ ဆံပင်အနက်ရောင်၊ နားရွက်ကားကား မနီစွေးသော နှုတ်ခမ်းပိုင်ရှင်ကိုတွေ့ရလေသည်။

Blind Date (OC) (Completed)Where stories live. Discover now