Ep10: Junior with Girlfriend(Unicode)

1.1K 149 10
                                    

Ep10: Junior with Girlfriend
(Conan Dee PoV:)

မနက်နိုးနိုးချင်း ထုံးစံအတိုင်းအကျင့်တစ်ခုလို ဖြစ်နေတဲ့အတိုင်း ဘေးကုတင်ကိုကြည့်မိပေမယ့် တစ်ယောက်ယောက်ကိုမတွေ့မိတော့မှ လမ်းများသွားလျှောက်သလားတွေးမိလိုက်ပြီး ကျွန်တော်နှင်ထုတ်မိမှန်း ပြန်သတိရသွား၏။

ခါတိုင်းဆို အအေးကြောက်သောကျွန်တော့်အတွက် ရှားကအမြဲရေနွေးကြိုပေးသည်လေ။
ခုတော့ နိုးနိုးချင်း ရေနွေးအိုးပလပ်ကိုတပ်ကာတည်လိုက်ပြီး၊ ရေနွေးတည်သည့်အလုပ်ကို ကိုယ်တိုင်လုပ်နေရသည်။
ပြီးတော့မှသာ မျက်နှာသစ်၊ သွားတိုက်ရ၏။

မနက်ခင်းတွင် ရေအေးနှင့်ရေချိုးတာက တကယ်ကျွန်တော့်ကို ကျောစိမ့်စေသည်မို့ ရေနွေးဖြင့်သာချိုးနိုင်သည်။
ရေပူရေအေး စနစ်တပ်ဆင်ရအောင်ကျပြန်တော့ အဲ့လောက်ပိုက်ဆံမသုံးချင်သည်မို့။

ရေနွေးရကာမှ ရေချိုးလိုက်တော့ လူကအနည်းငယ်လန်းသလို ရှိလာ၏။ ညကစာရွက်စာတမ်းအချို့ကို ကြည့်တာ ညနက်သွားတော့ ခေါင်းကအနည်းငယ်နောက်နေသေးသည်။ ကော်ဖီခါးခါးတစ်ခွက်ကို နွားနို့မထည့်ဘဲ သောက်လိုက်သည်။
ဒီနေ့မှ ကော်ဖီကခါးလွန်းသည်ဟု သောက်ရင်းတွေးမိကာမှ သကြားမထည့်ထားမှန်းသတိရ၏။

သူမနှင့်တွေ့ရတော့မည်မို့ အနည်းငယ်စိတ်လှုပ်ရှားမိလေသည်။
မတွေ့ဖြစ်တာ ၂နှစ်လောက်ပင်ကြာရောပေါ့။

အဝတ်ဗီရိုထဲကနေ သူမအနှစ်သက်ဆုံးအရောင်ဖြစ်သော စိမ်းနုရောင်ရှပ်အင်္ကျီ အစင်းလေးနှင့် pantအပွတစ်ထည်ကို ဝတ်လိုက်သည်။ လက်ထဲအုန်းဆီနည်းနည်းထည့်ပြီး၊ ငယ်ထိပ်ကိုဆီထည့်ကာ ဆံပင်တွေကိုထိုးဖွလိုက်သည်။ သပ်ရပ်အောင်ပြင်ဆင်ခြင်းအမှုပြီးစီပြီ။

ဒီနေ့ onlineက သူနှင့်လဲတွေ့ရမည်မဟုတ်လား။
အနည်းငယ်တော့စိတ်လှုပ်ရှားမိသည်။

တစ်ဖက်သူ၏ရုပ်သွင်ပြင်ကိုမသိခြင်းဟာ သင့်ကိုအနည်းငယ် ရင်ခုန်စေလိမ့်မယ်။

သေချာတာတော့ ဒါက ဒီappရဲ့ရည်ရွယ်ချက်တစ်ခုဖြစ်မယ်ဟုသူထင်မိသည်။

အချင်းချင်းပို့ထားသောစာတွေအရ ထိုသူသည် ငယ်မည်ဆိုတာ ကိုနန်ဒီးရဲ့ instinctတွေအရသေချာသိနေသည်လေ။

Blind Date (OC) (Completed)Where stories live. Discover now