Ep18 (Zawgyi)

508 41 1
                                    

[A/N: သတိ]
[အစားသောက်စားနေတုန်း သို့မဟုတ် သွေးထွက်သံယိုမနှစ်သက်သည့်သူများကျော်သွားရန် အသိပေးအပ်ပါသည်။]

~~~

အပိုင်း- (18) အတိတ်တွေထဲက မလွတ်မြောက်သေးသူများ (သို့မဟုတ်) တူးဆြွခင်း။

လွင့်မျောနေတဲ့ လေဟာနယ်လိုဟင်းလင်းပြင်တစ်ခုမှာ အပ်ကျသံတောင်မကြားရအောင် တိတ်ဆိတ်လို့နေသည်။
လေထုသည်လည်း မသိုးမသန့်နှင့် စိတ်လုံခြုံမှုမရှိသော ကျောချမ်းမှုကို ကျွန်တော်ခံစားနေမိသည်။

ချွေးပေါက်တို့က နဖူးစပ်နားကနေ တွဲလွဲခိုလို့ကျကာ အင်္ကျီနောက်ကျောသို့ ကျဆင်းသွားသည်ကို အထိအတွေ့တို့ကနေခံစားမိသည်။
လက်ဖဝါးကချွေးစေးတို့ထွက်ကာနေသည်ကိုပင် အသိစိတ်ကပ်သေး၍သတိထားမိနေသည်။
တိတ်ဆိတ်နေတဲ့အချိန်တွင် ထွက်ပေါ်လာသောခြေသံတစ်ခု။
ကျွန်တော့် ဖိနပ်ကထွက်ပေါ်လာသော ခြေသံသည်တစ်ရှပ်ရှပ်နှင့်ပင် ​ချောက်ချားစရာကောင်းလွန်းနေသည်။

နောက်ကျောဘက်ကနေ အကြည့်စူးစူးတို့ဖြင့် အကြည့်ခံနေရသည်ဟုခံစားမိသည်။
နံရံတွေ ကြမ်းပြင်တွေကို လက်အထိအတွေ့​ကနေ ခံစားမိတော့ အခန်းကျဉ်းငယ်တစ်ခုအတွင်း ရောက်ရှိနေတယ်ဆိုတာ ပိုသေချာသွားသည်။

မှောင်မည်းနေသော အခန်း၏နံရံကို ကျွန်တော်လက်နဲ့ထိကာ စမ်းတဝါးဝါးဖြင့် သတိထား၍ သွားနေမိသည်။
နောက်ကျောဘက်က အလင်းရောင်မိန်ပျပျသည် အခန်းငယ်အတွင်း အနည်းငယ်အရောင်သန်းလာ၏။

ကျွန်တော့်ကျောတစ်ခြမ်းစိမ့်ခနဲအေးမြသွားမှုကြောင့် နောက်ကျောဘက်သို့ ကြိုးစားလှည့်မိတော့ ဆံပင်ဖားလျားချထားသော ကျောင်းယူနီဖောင်းနှင့် မိန်းကလေးငယ်တစ်ဦး..
မျက်လုံးတို့က မရှိ။ သွေးစက်လက်ကျနေသောကြောင့် ရဲရဲစိုနေသော အဖြူရောင် ရှပ်အင်္ကျီလေး။

ကျွန်တော် ကြောက်လွန်းလို့ ဒူးပင်မခိုင်တော့ချေ။
နားထဲကလေသံတိုးတိုးလေးတစ်ခုလို ရှိုက်သံသဲ့သဲ့နှင့် ရောစွက်နေသော အသံ။
"ကယ်တင်ပေးပါ" ဟူသော တောင်းပန်တိုးလျိုးနေတဲ့ အသံဖျော့လေးတစ်ခု။

Blind Date (OC) (Completed)Where stories live. Discover now