Ep21 (Zawgyi)

450 36 6
                                    

အပိုင်း(၂၁) အထီးပဲဖြစ်ဖြစ် အမပဲဖြစ်ဖြစ်...တွဲကြရအောင်ကိုမျက်စိမှိတ်ပြောမယ်။

......

တစ်ညလုံးတရားနာလိုက်ရသည့်ကိုယ့်အဖြစ်ကိုယ်တွေးကာ ချုံးပွဲချငိုရမလို ရယ်မလိုနှင့်။
ဘာမှမဆိုင်ဘဲကိုယ့်ကြောင့်အိပ်ရေးပျက်၍ မျက်ကွင်းဟောက်ပတ်နှင့်ဖြစ်နေသော ဘေးကလူသားကို အားလည်းနာမိသည်။
အရင်ရက်တွေက သူထထယောင်လို့ သူအိပ်ရေးပျက်ရလေသည်။
သူကိုယ့်အပေါ်ကောင်းပေးသည်များကိုတွေးကြည့်လျှင်တစ်ဘဝလုံးပုံဆပ်ရင်တောင်...ကျေပါ့မလားဘဲ။

မျက်နှာကိုမှန်ထဲကြည့်ရင်းညကကြည့်မိသော videoကို ကြည့်ရင်းကြက်သီးဖြန်းဖြန်းထမိသည်။
ရှားသည်နဂိုထဲက sadistမဟုတ်သလို masochistလည်းမဟုတ်သည့်အတွက် ဤအရာများသည်သူ့အတွက်မျက်လုံးထဲ အရမ်းကို ထူးဆန်းလွန်းနေသည်။

ယောက်ျားတစ်ယောက်အနေနဲ့ wet dreamပင်မက်ဖူးသလား မမက်ဖူးသလားပင်မမှတ်မိ။
သွားတိုက်တံကိုပါးစပ်ကကိုက်ထားရင်း အတွေးထဲဝင်ရောက်လာသော မြင်ကွင်းကြောင့်...အမြုပ်တွေကိုမျိုချမိသွားသည်။
ကျစ်...သောက်တလွဲ ကောမန့်တစ်ခုကြောင့် တစ်ညလုံးတရားနာလိုက်ရတယ်။
နောက်ဘယ်တော့မှ...မစူးစမ်းတော့ဘူး။

....

ညကရှားနဲ့အတူ နိဗ္ဗာန်ရောက်ကြောင်းတရားကို တစ်ညလုံးနာလိုက်ရတာက...အိပ်ရေးပျက်ပေမယ့် ကောင်းတဲ့အရာတစ်ခုပဲလေ။ တစ်ခါမှ တရားတွေဘာတွေအချိန်ပေးပြီး မနာဖြစ်ဘူး။ မေမေတို့နဲ့တူတူနေတုန်းကတော့ အားနာပါနာနဲ့လိုက်တရားနာဖြစ်ပေမယ့် ရန်ကုန်ရောက်ကတည်းက လောဘနောက်လိုက်ပြီး သူဘုရားမေ့တရား​မေ့ပင်ဖြစ်နေခဲ့သည်။

နိုးနိုးချင်းကုတင်ပေါ်တွင်ထိုင်ရင်းရေချိုးခန်းကိုစောင့်နေပေမယ့် ရှားကတော်တော်နှင့်မထွက်လာ။ သူရေချိုးခန်းဘက်ကိုလျှောက်လာလိုက်မိတော့ ရှားကသက်ပြင်းတွေခဏခဏချကာ မှန်ကိုကြည့်လိုက်၊ သွားကိုခပ်ကြမ်းကြမ်းတိုက်လိုက်နှင့်အလုပ်ရှုပ်နေလေသည်။

ရှားကကျွန်တော့်ကိုမြင်တော့ မျက်နှာသုတ်ပုဝါကို ကျွန်တော့်မျက်နှာပေါ်ကိုဖိအုပ်ပြီး
"ညကကိစ္စအတွက် အားနာပါတယ် အစ်ကိုဒီး။ကျွန်တော်ဘာလုပ်လုပ် နောက်ဆက်တွဲတွေပါလိုက်ဖြစ်စေတာက အစ်ကို့ကိုပဲဖြစ်နေလို့။"

Blind Date (OC) (Completed)Where stories live. Discover now