Ep38(Uni & Zawgyi)

690 86 4
                                    

အပိုင်း- (၃၈)

"အစ်ကို့ကို အိမ်ကသူတွေကတွေ့ချင်နေတယ်တဲ့"

"မဟုတ်မှလွဲကော ငါတို့အကြောင်းသိသွားတာလား"

"အဲ့လိုဟုတ်မယ့်ပုံပဲ ဒယ်ဒီကတော်တော်ဒေါသထွက်နေပေမယ့်လို့ အစ်ကိုမတွေ့ချင်ရင် လိုက်မတွေ့နဲ့လေ
ကျွန်တော်ပဲပြန်လိုက်မယ်"

ကိုနန်ဒီးက ရှားရဲ့လက်ဖမိုးကိုသူ့လက်တစ်ဖက်ဖြင့်အုပ်ကိုင်လိုက်ပြီး

"မင်းတစ်ယောက်တည်း အခက်အခဲတွေကို
ရင်ဆိုင်စရာမလိုပါဘူး"

"ဒါပေမယ့် အစ်ကိုအဆင်သင့်ဖြစ်ပြီမို့လို့လား"

"အာ အဲ့လိုတော့မဟုတ်ပေမယ့် တချိန်ချိန်ကြုံလာမှာကို ကြိုတွက်ပြီးသားပါ"

ရှားကကိုနန်ဒီးရဲ့လက်ချောင်းတွေကြားကို သူ့လက်ချောင်းတွေနဲ့ယှက်လိုက်ပြီး နန်ဒီးရဲ့လက်ကိုယူပြီး သူ့ပါးကိုအပ်လိုက်သည်။

"အစ်ကို ဘယ်လိုအခြေနေမျိုးပဲကြုံလာကြုံလာ ကျွန်တော့်နားမှာရှိနေပေးမယ်မလား"

"အင်း"

နှစ်ယောက်သား ရှားရဲ့အိမ်ကိုရောက်တော့...
"သောက်ခွေးလိုကောင်!"

ဒေါသထွက်နေတဲ့ဒယ်ဒီက လက်သီးချက်များနှင့် ရှားကိုစီးကြိုလေသည်။
ဓာတ်ပုံတွေကို ပစ်ချပြီး တောက်ခေါက်လိုက်ကာ ခပ်စိမ်းစိမ်းကြည့်လေသည်။

"ကိုထိုက်စံရှား! ရှင်သားကိုဆုံးမတာကိုလက်မပါနဲ့နော်"

ဒီအိမ်မှာဒယ်ဒီကိုလွှမ်းမိုးနိုင်တာဆိုလို့ မာမီတစ်ယောက်ပဲရှိသည်။ မာမီအသံကြောင့် ဒယ်ဒီနည်းနည်းတွန့်ဆုတ်သွားပေမယ့် ဟန်မပျက်ချောင်းဟန့်တာကိုတွေ့ရတော့ ရှားပြုံးလိုက်မိသည်။ အထိုးခံထားရတဲ့ပါးက ပြုံးမိတော့စပ်ဖြင်းဖြင်းဖြစ်လို့နေသည်။

"မင်းတို့၂ယောက်မှာဘယ်သူကစကြိုက်တာလဲ"

"ကျွန်တော်ပါ"

နှစ်ယောက်လုံးဆီကနေတစ်ပြိုင်နက်တည်း အသံထွက်လာသည်မို့ ဒယ်ဒီကမျက်ခုံးကို
ပင့်ကာ ခုံပေါ်ထိုင်ချလိုက်၏။

Blind Date (OC) (Completed)Where stories live. Discover now