Ep-40(Uni & Zawgyi)

771 83 34
                                    

အပိုင်း- (၄၀)

အချိန်တစ်ပတ်ကျော်ကြာမြင့်သွားပေမယ့် တစ်ယောက်ကိုတစ်ယောက်မဆက်သွယ်ဖြစ်ကြ။

ရှားကတော့ သူ့အစ်ကိုဒီးရဲ့သဘောထားကိုလုံးဝနားလည်သွားတယ်ဟု ခံစားမိ၍ အလုပ်ထဲတွေ့ရင်တောင် အတတ်နိုင်ဆုံးရှောင်လေသည်။

"ငရှား Congratulation"

ကိုစိုးမြင့်က ပြုံးဖြီးဖြီးဖြင့် ပြောလေသည်။

ဘေးကသူတွေက စူးစမ်းဟန်ဖြင့်ကြည့်နေတာကိုမြင်တော့

"ဟေ့ကောင် မင်းစေ့စပ်ပြီးတာတောင် ငါတို့ကိုအသိမပေးဘူး ဒီသတင်းကိုသာမမြင်လိုက်ရင် ငါက မင်းကိုယောက်ျားချင်းကြိုက်နေတယ်လို့ထင်မိတော့မှာ ဟား ဟား..."

"အင်း"

"တကယ် ငါက မင်းနဲ့နန်ဒီးနဲ့ကို ပုံမှန်မဟုတ်ဘူးလို့မြင်မိတာ ကျန်တဲ့သူတွေကော ဟုတ်တယ်မလား"

မျိုးသော်ထက်က လည်ချောင်းထဲမှာတစ်ဆို့လာပြီး ထိုစကားများကသူ့ကိုရည်ရွယ်ပြောသလိုခံစားလာရ၍ ချောင်းတစ်ချက်ဟန့်ကာ ဟိုဘက်လှည့်သွားတော့သည်။

"ရှား မင်းနာမည်နဲ့မှာထားတဲ့ကားရပြီတဲ့ ငါ့သူငယ်ချင်းကဟိုတစ်နေ့ကဖုန်းဆက်တယ်"

"ငါမမှာထားပါဘူး ငါ့သမီးလေးကိုပြန်ရထားပြီးပြီ"

"အေး အေး..."

"ဘာအမျိုးစားလဲ"

"Ertiga အနီရောင်လေး တော်တော်လှတယ်"

"ဟိုး အနီဆိုစိတ်ဝင်စားတယ်"

"အလုပ်ပြီးမှစကားပြောကြတာပေါ့"

Ertiga အနီရောင်ကိုမှ နံပါတ်ခပ်လှလှလေးကိုကြိုဦးသည့်အနေနဲ့ ပိုက်ဆံပင်ပေးထားသည်ဟု မျိုးသော်ထက် သူနှင့်သက်ဆိုင်သူထံမှသိရလေသည်။

ရှားမမှာထားဘူးဆိုတော့ ဘယ်သူမှာလဲဆိုတာသူသိလိုက်သည်...

မျိုးသော်ထက်အခန်းထဲက ထွက်သွားသည်နှင့် တံခါးဝနားမှာ ရပ်ကာ မျက်စိတောက်ထောက်ကြည့်နေသောသူသည် မဝံ့မရဲဝင်လာ၏။ ရှားသူ့ကိုမြင်လိုက်သည်နှင့် နှုတ်ခမ်းတို့က တွန့်ကွေးသွားသည့်အတွက် မျက်ခုံးတန်းတွေကို တမင်တွန့်ချိုးလိုက်ကာ စိတ်ထဲကခံစားမှုကိုဖုံးကွယ်သည့်အနေနဲ့ အကြည့်စူးစူးတို့ဖြင့် စိုက်ကြည့်လိုက်သည်။

Blind Date (OC) (Completed)Where stories live. Discover now