Ep12:My brother, third wheel (Zawgyi)

594 45 0
                                    

Ep12: My Brother, third wheel

ပြတင်းတံခါးနားက ကန်လန့်ကာကို ကိုနန်ဒီးဆွဲဖွင့်လိုက်ပြီး ရှားကိုကြည့်ကာ စိတ်ပျက်လက်ပျက်ပြောမိလိုက်သည်။
"အိပ်နေတာ ကုလားသေ၊ကုလားမောပဲ"
အလင်းစူးစူးကြောင့် ရှားကမျက်လုံးကိုမှိတ်ကာ ပွတ်ပြီး တစ်ဖက်သို့လှည့်ကာ အိပ်ပြန်သည်။

"ညက တစ်ညလုံးငါ့ကိုဒုက္ခပေးပြီး သူကတော့အိပ်နေလိုက်တာ"
ကိုနန်ဒီး စိတ်တိုတိုဖြင့် ရှားကိုဆောင့်ကန်ပစ်လိုက်သည်။

ထိုအခါမှ အိပ်မက်ကမ္ဘာမှနိုးလာသောသူလို ထအော်လိုက်သည်က
"အချောလေးရေ ဘယ်မလဲ အချောလေး"

"အေး ဒီမှာနင့်အချောလေးက" ကိုနန်ဒီးကရှားကိုနားရင်းအုပ်ကာ ထွက်သွား၏။

ရှားကတော့ ကြောင်ကာကျန်ခဲ့တော့သည်။ သူဘာများလုပ်မိလို့လဲလို့ ဦးနှောက်ကိုအလုပ်ပေးကာ ပြန်တွေးတောနေမိသည်။
သွားတိုက်ရင်း မှန်ရှေ့မှာငိုက်နေရင်း သူညက...ဆီးကျဉ်ပြီး အစ်ကိုဒီးကို တစ်ညလုံးအိပ်မရအောင် ဂျစ်တိုက်မိသည်ကို ပြန်သတိရတော့ မျက်နှာတောင် စပ်ဖျဉ်းဖျဉ်းဖြစ်လာသလိုပဲ။

နံနက်စာစားဖို့ နှစ်ယောက်လုံးစားပွဲမှာ ထိုင်လိုက်ကြသည်။
ရှား၏စိတ်ထဲတွင်တော့ အစ်ကိုဒီးကို ဘယ်လိုမျက်နှာလုပ်ရမလဲတွေးတောနေပုံရ၏။
သူတစ်ခုခုကို သတိရသွားပြီး ကားသော့ကိုယူကာ တိုက်အောက်ကို အမြန်ဆင်းသွားလိုက်သည်။

ပြန်တက်လာတော့ လက်ထဲတစ်ပွေ့တစ်ပိုက်ကြီးနဲ့။
အစ်ကိုဒီးရှေ့ကို ဘူးတွေချပေးတော့ ဘာတွေလဲဆိုတဲ့ မျက်နှာပေးမျိုး။

ရှားက အောင်နိုင်သူတစ်ယောက်လို ပြုံးကာ
"ဟိုတစ်နေ့က လမုန့်ပွဲတော်မဟုတ်လား။ အိမ်ကိုလာပို့ထားတာလေ။ ပြီးတော့ ပုရစ်ကြော်လဲပါတယ်။
ကျွန်တော် ညတည်းက ကားထဲကယူထုတ်ဖို့မေ့နေတာ"

ကိုနန်ဒီးက ရှားကိုဘာမြှပန်မပြော။ ကော်ဖီကိုသာဖျော်နေသည်။
ခွက်တစ်ခွက်ကို ရှားထိုင်မယ့် ထိုင်ခုံရှေ့တွင်ချပေးလိုက်သည်။
ရှားကလဲ အလိုက်တသိ လမုန့်ဘူးထဲက ပဲနီအရသာကိုရွေးကာ ပန်းကန်ထဲကိုထည့်ကာ စားပွဲအလယ်တွင်ချပေးလိုက်သည်။

Blind Date (OC) (Completed)Where stories live. Discover now