Ep24 (Zawgyi)

476 30 4
                                    

အပိုင်း(၂၄) - ငါမင်းနဲ့အတူမအိပ်နိုင်ဘူး

....

ကော်ဖီshopထဲကနေထွက်ပြီး city martထဲသို့ဝင်ပြီး ကိုနန်ဒီးမှာလိုက်သည်များကိုဝယ်ယူရသေးသည်။
သူ့ညီကို တစ်ယောက်တည်းမထားလိုသဖြင့် အတူနေဖို့ဆို အိမ်ရှင်ကိုသေချာပေါက်ဖားရလေမည်။
အိမ်ရှင်ရဲ့အသည်းအသက်သည်ကား ဟိုဘောက်ဆတ်ဆတ် အကြောမတည့်သည့်ပြိုင်စံရှားဆိုသည့်အကောင်ပင်။

အခုလည်းဟိုသကောင့်သားကပုစွန်စာရွက်ကြော်စားချင်သည်ဟုဆိုသဖြင့် ကိုနန်ဒီးသည် သူ့ကိုအဝယ်လွှတ်လိုက်ခြင်းပင်။
"ကိုကို့အခန်းဖော်တွေက သဘောကောင်းကြရဲ့လား။"

"ကောင်းပါတယ် ငါမင်းကိုသေချာမှာမယ်နော် ဟိုရှားဆိုတဲ့ကောင်ကို သွားပြသနာမရှာနဲ့။"

"ဘာလို့လဲ။"

"အခုမင်းလိုက်နေမယ့်အိမ်ရှင်နဲ့သူက ဘာလိုလိုကွာ။"

"ဟာ...ကိုကို့သူငယ်ချင်းတွေကအကုန်အကွေးတွေလား။ကျွန်တော်မနေချင်တော့ဘူး။"

"ဒိုးနတ်လေး ကိုကို့စကားနားထောင်။ဟိုတိုက်ခန်းမှာနေရင်ဖြစ်ပေမယ့် လူနည်းတော့ပျင်းစရာကြီး။မင်းနေတာကြာရင် ပျော်လာမှာ။ဒီကောင်တွေကပျော်တတ်တယ်။"

ပြောလည်းပြောရင်းပုစွန်စာရွက်ဆိုသည်ကို ဟင်းသီးဟင်းရွက်တွေတင်ထားသည့်တန်းတွင်ရှာဖွေပေမယ့် မတွေ့။မတွေ့သည်ထက် ဘယ်လိုပုံစံရှိမှန်းမသိသည်မို့ ပိုလို့ပင်ခက်၏။
ဘေးကသန့်ရှင်းရေးလုပ်နေသော ဝန်ထမ်းကောင်မလေးကိုမေးတော့ ကောင်မလေးက သူ့ကို လူထူးလူဆန်းသဏ္ဍာန်ကြည့်နေလေသည်။

"ဒီကအစ်ကိုတို့ ပုစွန်စာရွက်လိုချင်ရင် ဈေးထဲမှာ တစ်ခါတစ်လေလာရောင်းတတ်တဲ့တောသည်လေးတွေဆီမှာပဲရမယ်။ညီမတို့ဆီမှာအဲ့တာမျိုးမရဘူး။ ဒီမှာက ၁၂ရာသီရတဲ့အရွက်တို့ ဟင်းခတ်ပစ္စည်းတွေပဲအဓိကတင်တာမို့ပါ။"

"ကိုကိုဈေးထဲတော့မသွားချင်ဘူး။မဝယ်ဘဲပြန်ရအောင်။"

"အိမ်အတွက်တစ်ခုခုဝယ်သွားမြှဖစ်မှာပေါ့။နေပါဦး ကြိုက်တတ်မယ်ထင်တာတစ်ခုခုဝယ်သွားရအောင်။"

Blind Date (OC) (Completed)Where stories live. Discover now