Ep31(Uni & Zawgyi)

961 104 15
                                    

အပိုင်း-(၃၁)

ရှည်သွယ်ပြီး သွေးကြောစိမ်းလေးတွေနှင့်လက်လေးသည် စန္ဒရားခလုတ်တွေပေါ်မှာ ရှပ်ပြေးနေသည်။

ဘေးကလူရွယ်က မျက်တောင်မခတ်ဘဲ ထိုလူကိုမြတ်နိုးသည့်အကြည့်တို့ဖြင့်ကြည့်နေလေသည်။

ရွေ့လျားနေတဲ့လက်ချောင်းတွေပေါ် နွေးထွေးတဲ့လက်တစ်စုံကအုပ်မိုးလိုက်သည်။

"ငါတီးတာအသံကျယ်သွားလို့ မင်းအိပ်မပျော်လို့လား"

"မဟုတ်ပါဘူး အိပ်ရာကနွေးမနေလို့"

"ဒါက ငါ့ကိုမင်းနဲ့လာအိပ်လို့ပြောနေတာလား"

"ဟေး အယ်လ် ငါက...ဒီတိုင်းပဲပြောတာ
ပုံမှန်ငါ့တူနဲ့အိပ်နေကြမို့..."

"အိုကေ ငါလာခဲ့မယ် ခဏ ဒီသံစဥ်တစ်ကွက်လေးရှာလိုက်ဦးမယ် သန်ဘက်ခါ နယ်ဘက်သွားဖျော်ဖြေရမှာမို့"

"မင်းမှာ ပြည့်စုံနေတာ ဘာလို့ဒီအလုပ်ကိုလုပ်ချင်ရတာလဲ"

"မင်းလဲ အဲ့တာဆိုဘာလို့မျက်လုံးအညောင်းခံပြီး မအိပ်မနေ designဆွဲနေလဲ"

"ဒါကငါ့အလုပ်လေ"

"မင်းလဲပြည့်စုံနေတာပဲလေ"

"ဟေး ငါ့မှာ့ပိုင်တာဆိုလို့ဘာမှမရှိဘူး လက်ဖမိုးနဲ့လက်ဖဝါးပဲရှိတယ်"

"ဟုတ်လား...မင်းတို့မိသားစုကချမ်းသာတယ်လို့ငါသိထားတာပဲ"

"ဟုတ်ရင်ဟုတ်မှာပေါ့ အဲ့တာကသူတို့နဲ့ပဲဆိုင်တာ
ငါပိုင်တာမှမဟုတ်တာ"

အယ်လ်ရဲ့ပုခုံးကို ဒိုလန်ကမှီလိုက်ပြီးကိုယ်သင်းနံ့လေးကိုရှူသွင်းလိုက်သည်။

"အဲ့စျေးကြီးတဲ့ရေမွှေးနံ့က မင်းနဲ့တော့လိုက်ဖက်သားပဲ"

"ဘယ်လို..."

"ငါရေမွှေးနံ့ကိုမခံနိုင်ဘူး အယ်လ် ဒါပေမဲ့မင်းအနံ့ကိုတော့သဘောကျတယ်"

"မင်းငါ့ကိုချစ်လား ဒိုလန်"

"No...ငါမင်းကိုမချစ်ဘူး သဘောကျတယ်ဆိုတာတော့သေချာသလောက်ပဲ"

"ငါတော့မင်းငါ့ကို.."

ဒိုလန်ရဲ့လက်ညိုးက အယ်လ်ရဲ့နှုတ်ခမ်းပေါ်ရောက်လာသည်။
မပြောစေလိုသည့်သဘောမျိုး။
မျက်နှာမှာလည်း စိတ်ရှုပ်ထွေးနေဟန် ခဲရောင်ဆံပင်တွေကိုလက်ချောင်းတွေနှင့် ထိုးဖွလိုက်သည်။

Blind Date (OC) (Completed)Where stories live. Discover now