Ep30 (Uni & Zawgyi)

965 103 46
                                    

အပိုင်း-(၃၀)

မှုခင်းဖိုင်တွဲတွေကိုကြည့်ရင်း ကိုယ်ကတော့ခေါင်းရှုပ်ထွေးလာပေမယ့် ဘေးက ကျောက်ရုပ်လိုသူကတော့ မျက်တောင်တစ်ချက်ပင်မခတ်ပဲ သူ့လှုပ်ရှားမှုမှန်သမျှကိုလိုက်ကြည့်နေလေသည်။

ရှားထသွားလိုက်ပြီး တီဗီကိုဖွင့်ပေးလိုက်ပေမယ့် အကြည့်တို့ကတော့ သူ့ဆီမှာသာ...

ကိုနန်ဒီးရဲ့မျက်နှာနားကို ရှားတိုးကပ်သွားတော့ မျက်လုံးတို့ကိုမှိတ်ထားလေသည်။

နေပါဦး အစ်ကိုကငါသူ့ကိုနမ်းမယ်ထင်နေတာလား...

ရှား ကိုနန်ဒီး၏မျက်နှာကိုဆွဲယူလိုက်ကာ တီဗီရှေ့ကိုမျက်နှာမူစေလိုက်ပြီး

"တီဗီကိုပဲကြည့် ဟိုမှာအစ်ကိုကြိုက်တဲ့အဆိုတော်သီချင်းလာနေတယ်"

"မကြည့်ချင်ဘူး မင်းကိုပဲကြည့်မယ်လေ"

"အစ်ကိုက ကျွန်တော့်ကိုမျက်စိဒေါက်ထောက်လိုက်ကြည့်နေတော့ မနေတတ်လို့
ပြီးတော့အာရုံလဲစိုက်လို့မရဘူး
တွေ့လား အလုပ်တွေကပုံနေတာပဲ"

"ငါကူပေးမယ်လေ"

"နေပါ အစ်ကိုမနေ့ကလည်း ဟိုအမှုသည်ရဲ့ကြားနာတာကိုသွားထားတာလေ တစ်နေ့လုံးမနားရသေးတာကို"

"ရှား ငါ့ကို ကိုကိုလို့ခေါ်"

"ဘယ်လို ..."

"မင်းကတစ်ခါတစ်လေမှခေါ်တော့ ငါကြားချင်လို့"

"မခေါ်ပါဘူး ကျွန်တော်ရှက်တယ်ဗျ မူးနေတုန်းနဲ့
တစ်ခါတစ်လေမှပါးစပ်ကထွက်ထွက်သွားတာ"

"ငါအားမရှိလို့ မင်းကိုကိုလို့ခေါ်ရင်
ငါတကယ်အားတွေပြည့်သွားမှာ"

"မကြားဘူးပေါင် နေပါဦး အခုအလုပ်တွေဖိလုပ်နေရတဲ့ကျွန်တော်ကအားမရှိရဘူး ကျွန်တော့်ကိုလိုက်ကြည့်နေတဲ့သူက ဘယ်နဲ့အားပြတ်ရတာလဲ ယုတ္တိမဆန်လိုက်တာကိုကိုရာ"

"မင်းငါ့ကို ကိုကိုလို့ခေါ်လိုက်ပြီပဲ"

"မခေါ်မိပါဘူး"

"ရှား ချစ်တယ်"

"ကျွန်တော်မအားသေးဘူး"

"ဟင် မင်းပြောင်းလဲသွားတယ် အရင်ကဆို ပြန်ပြောတယ်"

Blind Date (OC) (Completed)Where stories live. Discover now